1 ဓမ္မရာဇဝင်ပထမစောင် 17:8
အရှင်၏ခမည်းတော်ဒါဝိဒ်နှင့်သူ၏လူတို့ သည်စစ်ရည်ဝသူများဖြစ်သည်ကိုလည်း ကောင်း၊ သူတို့သည်သားငယ်ပျောက်သည့်ဝက် ဝံမကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ကို လည်းကောင်းအရှင်သိတော်မူပါ၏။ အရှင့် ခမည်းတော်သည်အတွေ့အကြုံများသည့် စစ်သည်တော်တစ်ဦးဖြစ်သဖြင့် ညဥ့်အခါ မိမိ၏လူတို့နှင့်အတူအိပ်စက်တော်မမူ တတ်ပါ။-
Common Language Bible
In The King James Version
In Context
7ဟုရှဲက``ယခုတစ်ကြိမ်အရှင့်အား အဟိ သောဖေလပေးသည့်အကြံမှာမသင့် လျော်ပါ။-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 17
Cross References
1 Samuel 16:18အပါးတော်တွင်ခစားနေသူတစ်ဦးက``ဗက်လင် မြို့သားယေရှဲတွင် တူရိယာကောင်းစွာတီးတတ် သူသားတစ်ယောက်ရှိပါ၏။ သူသည်ရဲစွမ်းသတ္တိ ရှိသူ၊ အဆင်းလှသူ၊ စစ်ရေးတတ်သူ၊ နှုတ်သတ္တိ ရှိသူဖြစ်ပါ၏။ ထာဝရဘုရားသည်သူနှင့် အတူရှိတော်မူပါ၏'' ဟုလျှောက်ထား၏။
1 Samuel 17:50ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။-
2 Samuel 15:18မင်းကြီး၏မှူးမတ်အပေါင်းတို့သည်သူ၏ အနီးတွင်ရပ်၍နေစဉ် အစောင့်တပ်သားများ သည်မင်းကြီး၏ရှေ့မှဖြတ်သွားကြ၏။ ဂါသ မြို့မှလိုက်ပါလာကြသောတပ်သားခြောက် ရာတို့သည်လည်းယင်းသို့ဖြတ်သွားကြ သောအခါ၊-
2 Samuel 23:8ဒါဝိဒ်၏သူရဲကောင်းတို့၏နာမည်များကို ဖော်ပြအံ့။ ပထမသူရဲကောင်းမှာဟပေါနိ မြို့သား၊ သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင် ယာရှောဘံဘက်ရှိဗက်ဖြစ်သည်။ သူသည်တိုက် ပွဲတစ်ခုတည်း၌လူရှစ်ရာကိုမိမိ၏လှံဖြင့် ထိုးသတ်ခဲ့သူဖြစ်၏။
2 Samuel 23:18ယွာဘ၏ညီအဘိရှဲသည်နာမည်ကျော် ရဲဘော်သုံးကျိပ်၏ခေါင်းဆောင်ဖြစ်၏။ သူ သည်လူသုံးရာကိုလှံနှင့်ထိုးသတ်ခဲ့သ ဖြင့်ရဲဘော်သုံးကျိပ်တွင်နာမည်ကြီးလာ ၏။-
2 Kings 2:24ဧလိရှဲသည်လှည့်၍သူတို့အားစိမ်းစိမ်းကြည့် ပြီးလျှင် ထာဝရဘုရား၏နာမတော်ကိုအမှီ ပြု၍ကျိန်ဆဲလေသည်။ ထိုအခါတောအုပ်ထဲ မှဝက်ဝံမနှစ်ကောင်ထွက်လာကာ ထိုသူငယ် လေးဆယ့်နှစ်ယောက်တို့အားအပိုင်းပိုင်းကိုက် ဖြတ်ကြ၏။