1 ဓမ္မရာဇဝင်ပထမစောင် 18:19
ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 18
Cross References
2 Samuel 15:36သူတို့နှင့်အတူသူတို့၏သားများဖြစ်ကြ သော အဟိမတ်နှင့်ယောနသန်တို့လည်းရှိကြ သည်ဖြစ်၍ သင်ရရှိသည့်သတင်းမှန်သမျှ ကိုထိုသူနှစ်ယောက်တို့အားဖြင့်ငါ့ထံသို့ ပေးပို့လော့'' ဟုမိန့်တော်မူ၏။
2 Samuel 18:23အဟိမတ်ကလည်း``ဘေးတွေ့မည်ဖြစ်သော် လည်းအကျွန်ုပ်သွားလိုပါသည်'' ဟုတစ်ဖန် တောင်းပန်၏။ ယွာဘက``ဤသို့ဖြစ်ပါမူသင်သွားလော့'' ဟုဆိုသဖြင့်အဟိမတ်သည်ယော်ဒန်မြစ် ချိုင့်ဝှမ်းလမ်းဖြင့်ပြေးသွားရာ ကုရှိအမျိုး သားကိုကျော်လွန်၍သွားလေ၏။
2 Samuel 18:31ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
Psalms 7:8အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်လူအပေါင်းတို့ကိုတရားစီရင်တော်မူသောအရှင်ဖြစ်တော်မူ၏။ ကျွန်တော်မျိုးအပြစ်ကင်းသည်ကိုထောက်ထား၍ ကျွန်တော်မျိုးအားမျက်နှာသာပေး၍တရားစီရင်တော်မူပါ။
Psalms 9:16ထာဝရဘုရားသည်ဖြောင့်မှန်စွာ တရားစီရင်တော်မူခြင်းအားဖြင့်မိမိကိုယ် ကို ပေါ်လွင်ထင်ရှားစေတော်မူပြီ။ သူယုတ်မာတို့သည်မိမိတို့၏အကျင့်များ အားဖြင့် ပြန်၍ကျော့မိကြကုန်၏။
Psalms 10:18ဖိစီးနှိပ်စက်ခြင်းခံရသူများနှင့် မိဘမဲ့သူများအား နောက်တစ်ဖန်မခြောက်မလှန့်နိုင်စိမ့်သောငှာ ကိုယ်တော်ရှင်သည်ထိုသူတို့၏ဟစ်အော်သံကို ကြားတော်မူ၍ သူတို့၏အကျိုးကိုထောက်လျက်တရားစီရင် တော်မူလိမ့်မည်။