1 ဓမ္မရာဇဝင်ပထမစောင် 19:28
အကျွန်ုပ်ခမည်းတော်၏အိမ်ထောင်စုသား အပေါင်းတို့သည် အရှင်၏လက်တွင်ကွပ်မျက် ခြင်းကိုခံထိုက်သူများဖြစ်ပါ၏။ သို့သော် လည်းအရှင်သည်အကျွန်ုပ်အားအရှင့်စား တော်ပွဲတွင်စားသောက်ခွင့်ကိုပေးတော်မူ ပါ၏။ အရှင်မင်းကြီးထံမှအဘယ်အရာ ကိုမျှထပ်မံအသနားခံရန်မရှိတော့ ပါ'' ဟုလျှောက်လေ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 19
Cross References
1 Samuel 26:16အချင်းအာဗနာ၊ သင်သည်ဝတ္တရားပျက်ကွက် ခဲ့ပါသည်တကား။ ဘုရင်အဖြစ်ဘုရားသခင် ခန့်ထားတော်မူသောသင်၏အရှင်ကို သင်သည် မစောင့်ရှောက်ခဲ့သဖြင့်သင်တို့အားလုံးပင် သေဒဏ်ခံသင့်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါ ကျိန်ဆိုပါ၏။ ဘုရင်၏လှံတော်သည် အဘယ်မှာရှိသည်ကိုကြည့်လော့။ ခေါင်း ရင်းတော်အနီးတွင်ထားသည့်ရေဘူးတော် ကားအဘယ်မှာရှိသနည်း'' ဟုမေး၏။
2 Samuel 9:10သင်နှင့်တကွသင်၏သားသင်၏အစေခံတို့ သည် သင့်သခင်ရှောလု၏အိမ်ထောင်စုအတွက် ထိုမြေယာများကိုထွန်ယက်စိုက်ပျိုး၍ အသီး အနှံများကိုယူဆောင်ကာသူတို့အဖို့ရိက္ခာ အဖြစ်ဖြင့်ပေးသွင်းရမည်။ သို့ရာတွင်မေဖိ ဗောရှက်မူကားငါ၏စားပွဲတွင်ငါနှင့်အတူ စားသောက်ရမည်'' ဟုမိန့်တော်မူ၏။ (ဇိဘ တွင်သားတစ်ဆယ့်ငါးယောက်နှင့်အစေခံ နှစ်ဆယ်ရှိသတည်း။)
2 Samuel 14:17အရှင်မင်းကြီးသည်ဘုရားသခင်၏ကောင်း ကင်တမန်ကဲ့သို့ ကောင်းမကောင်းကိုပိုင်းခြား သိမြင်တော်မူပါ၏။ သို့ဖြစ်၍ကျွန်တော်မ သည်အရှင်၏ကတိတော်အတိုင်း အသက် ချမ်းသာရာရလိမ့်မည်ဟုတစ်ကိုယ်တည်း ပြောဆိုနေမိပါ၏။ အရှင်၏ဘုရားသခင် ထာဝရဘုရားသည်အရှင်နှင့်အတူရှိ တော်မူပါစေသော'' ဟုလျှောက်၏။
2 Samuel 15:26သို့ရာတွင်ငါ့အားနှစ်သက်တော်မမူပါ လျှင် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါစေသော'' ဟုဆို၏။-
2 Samuel 21:6သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။ မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။