bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 19 › 1 ဓမ္မရာဇဝင်ပထမစောင် 19:41
1 ဓမ္မရာဇဝင်ပထမစောင် 19:41
ထိုအခါဣသရေလအမျိုးသားအပေါင်းတို့ သည် မင်းကြီးထံလာ၍``အကျွန်ုပ်တို့၏ညီ အစ်ကိုများဖြစ်ကြသောယုဒပြည်သား တို့သည်အရှင်နှင့်တကွအရှင့်မိသားစု၊ အရှင့်လူတို့ကိုယော်ဒန်မြစ်တစ်ဘက်သို့ ပို့ဆောင်ခွင့်ရှိသည်ဟုအဘယ်ကြောင့်ထင် မှတ်ကြပါသနည်း'' ဟုလျှောက်ထားကြ၏။
Common Language Bible
In The King James Version
And, behold, all the men of Israel came to the king, and said unto the king, Why have our brethren the men of Judah stolen thee away, and have brought the king, and his household, and all David’s men with him, over Jordan?
In Context
40မင်းကြီးသည်ယော်ဒန်မြစ်ကိုကူးသောအခါ ယုဒပြည်တစ်ပြည်လုံးမှလူတို့နှင့် ဣသရေလ ပြည်တစ်ဝက်မှလူတို့သည်မင်းကြီးအားလိုက် ပါပို့ဆောင်ကြ၏။ ထိုနောက်မင်းကြီးသည် ဂိလဂါလမြို့သို့ဆက်လက်၍ကြွတော်မူ ၏။ ခိမဟံသည်လည်းလိုက်ပါသွားလေသည်။-
42ယုဒပြည်သားတို့က``မင်းကြီးသည်ငါတို့ အနွယ်ဝင်ဖြစ်သဖြင့် ငါတို့ထိုသို့ပြုကြ ခြင်းဖြစ်၏။ သို့ဖြစ်၍သင်တို့သည်အဘယ် ကြောင့်အမျက်ထွက်ရကြပါသနည်း။ ငါ တို့သည်မင်းကြီး၏ရိက္ခာတော်ကိုစား၍ ဆုလာဘ်တော်ကိုခံယူပါသလော'' ဟု ပြန်ပြောကြ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 19
Cross References
Judges 8:1ထိုနောက်ဧဖရိမ်နယ်သားတို့ကဂိဒေါင် အား``သင်သည်မိဒျန်အမျိုးသားတို့ထံသွား ရောက်တိုက်ခိုက်စဉ်အခါက အဘယ်ကြောင့် ငါတို့အားမခေါ်ဘဲနေပါသနည်း။ အဘယ် ကြောင့်ဤသို့ငါတို့အားပြုပါသနည်း'' ဟု ပြင်းပြင်းထန်ထန်အပြစ်တင်ကြ၏။
2 Samuel 19:3တိုက်ပွဲမှထွက်ပြေးခဲ့သဖြင့်ရှက်ကြောက် နေသည့်စစ်သားများကဲ့သို့ သူတို့သည်မြို့ ထဲသို့တိတ်တဆိတ်ပြန်လည်ဝင်ရောက် လာကြ၏။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်ပထမစောင် 19:41