1 ဓမ္မရာဇဝင်ပထမစောင် 19:8
ထိုအခါမင်းကြီးသည်ထပြီးလျှင်မြို့ တံခါးအနီးသို့သွား၍ထိုင်တော်မူ၏။ လူ တို့သည်ထိုအရပ်တွင်မင်းကြီးရှိတော်မူ ကြောင်းကြားသောအခါအထံတော်သို့ ချဉ်းကပ်လာကြ၏။ ဤအတောအတွင်း၌ဣသရေလအမျိုး သားအပေါင်းတို့သည် မိမိတို့နေရပ် အသီးသီးသို့ထွက်ပြေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 19
Cross References
2 Samuel 18:4မင်းကြီးကလည်း``အကောင်းဆုံးဟုသင်တို့ ထင်သည့်အတိုင်းငါပြုမည်'' ဟုမိန့်တော်မူ ၏။ ထိုနောက်သူသည်တစ်ထောင်တပ်၊ တစ်ရာ တပ်တို့ချီတက်ထွက်ခွာသွားကြစဉ်မြို့ တံခါးအနီးတွင်ရပ်၍နေတော်မူ၏။-
2 Samuel 18:17သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
2 Samuel 19:3တိုက်ပွဲမှထွက်ပြေးခဲ့သဖြင့်ရှက်ကြောက် နေသည့်စစ်သားများကဲ့သို့ သူတို့သည်မြို့ ထဲသို့တိတ်တဆိတ်ပြန်လည်ဝင်ရောက် လာကြ၏။-
2 Kings 14:12အာမဇိ၏တပ်မတော်မှာအရေးရှုံးနိမ့်သ ဖြင့် သူ၏စစ်သည်အပေါင်းတို့သည်မိမိတို့ နေရပ်သို့ထွက်ပြေးကြကုန်၏။-