1 ဓမ္မရာဇဝင်ပထမစောင် 2:18
ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 2
Cross References
2 Samuel 1:23``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
2 Samuel 23:24ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ ယွာဘ၏ညီအာသဟေလ၊ ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ ဖာလာတိမြို့သားဟေလက် တေကောမြို့နေဣကေရှ၏သားဣရ အနေသောသိမြို့သားအဗျေဇာ၊ ဟုရှသိမြို့သားမေဗုန္နဲ၊ အဟောဟိမြို့သားဇာလမုန်၊ နေတောဖာသိမြို့သားမဟာရဲနှင့် ဗာနာ၏သားဟေလက်၊ ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ ပိရသောနိမြို့သားဗေနာယ၊ ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊ အရဗမြို့သားအဗျာလဗုန်၊ ဗာဟုမိမြို့သားအာဇမာဝက်၊ ရှာလဗောနိမြို့သားဧလျာဘ၊ ယာရှင်၏သားများ၊ ယောနသန်၊ ဟာရာရိမြို့သားရှမ္မ၊ အာရာမြို့နေရှာရ၏သားအဟိအံ၊ မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ ကရမေလမြို့သားဟေဇရဲ၊ အာရပ်မြို့သားဖာရဲ၊ ဇောဘမြို့နေနာသန်၏သားဣဂါလ၊ ဂဒ်နယ်၏သားဗာနိ၊ အမ္မုန်အမျိုးသားဇေလက်၊ ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင် ဗေရောသိမြို့သားနဟာရဲ၊ ဣသရိမြို့သားဣရနှင့်ဂါရက်၊ ဟိတ္တိအမျိုးသားဥရိယ၊ စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
1 Chronicles 12:8ဒါဝိဒ်သည်သဲကန္တာရရဲတိုက်တွင်ရှိနေစဉ် အခါ သူ၏တပ်မတော်သို့ဝင်ရောက်လာကြ သူနာမည်ကျော်စစ်ရည်ဝသူရဲတို့မှာအောက် ပါအတိုင်းဖြစ်၏။ ထိုသူတို့သည်ခြင်္သေ့ကဲ့ သို့ကြောက်မက်ဖွယ်သဏ္ဌာန်ကိုဆောင်လျက် ဒိုင်းလွှားအတတ်၊ လှံအတတ်တို့တွင်အထူး ကျွမ်းကျင်သူများဖြစ်ကြ၏။ တောင်ပေါ် ဒရယ်ကဲ့သို့လည်းလျင်မြန်ဖြတ်လတ် ကြ၏။-
Psalms 147:10ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။