1 ဓမ္မရာဇဝင်ပထမစောင် 2:26
အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 2
Cross References
2 Samuel 2:14အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
2 Samuel 11:25မင်းကြီးကစေတမန်အား``စစ်ပွဲတွင်မည်သူ မည်ဝါကျဆုံးမည်ကိုအဘယ်အခါ၌မျှ မပြောနိုင်။ သို့ဖြစ်၍ယွာဘအားစိတ်မပျက် ရန်အားပေးစကားပြောကြားလော့။ မြို့ကို ပိုမိုပြင်းထန်စွာတိုက်စစ်ဆင်၍သိမ်းယူရန် ကိုလည်းပြောလော့''ဟုမှာတော်မူလိုက်၏။
Proverbs 17:14ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
Jeremiah 2:30``ငါသည်သင်တို့ကိုဆုံးမပါသော်လည်း အကျိုးမရှိ။ သင်တို့သည်ပဲ့ပြင်သွန်သင်မှုကို လက်မခံလိုကြ။ အမျက်ပြင်းစွာထွက်သည့် ခြင်္သေ့သဖွယ် သင်တို့သည်မိမိတို့ပရောဖက် များကိုသတ်ဖြတ်ကြလေပြီ။-
Jeremiah 12:12လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။