bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 20 › 1 ဓမ္မရာဇဝင်ပထမစောင် 20:11
1 ဓမ္မရာဇဝင်ပထမစောင် 20:11
ယွာဘ၏ငယ်သားတစ်ယောက်သည်အာမသ ၏အလောင်းအနီးတွင်ရပ်လျက်``ယွာဘနှင့် ဒါဝိဒ်၏ဘက်သားမှန်သမျှသည်ယွာဘ နောက်သို့လိုက်ကြလော့'' ဟုအော်ဟစ်၏။-
Common Language Bible
In The King James Version
And one of Joab’s men stood by him, and said, He that favoureth Joab, and he that is for David, let him go after Joab.
In Context
10အာမသသတိလစ်နေစဉ်သူ၏ဝမ်းကို လက်ဝဲလက်တွင်ကိုင်ထားသောဋ္ဌားနှင့်ထိုး လိုက်ရာ အူများမြေပေါ်သို့ကျ၍ချက်ချင်း ပင်အာမသသေဆုံးလေ၏။ ထို့ကြောင့် ယွာဘသည်သူ့အားနောက်တစ်ချက်ထပ် ၍ထိုးရန်မလိုတော့ချေ။ ထိုနောက်ယွာဘနှင့် သူ၏ညီအဘိရှဲ တို့သည် ရှေဘ၏နောက်သို့လိုက်ကြ၏။-
12အာမသ၏အလောင်းသည်လမ်းလယ်တွင် သွေး၌လူးလျက်နေ၏။ လူတိုင်းပင်ထို နေရာသို့ရောက်သောအခါရပ်တန့်လိုက် ကြသည်ကိုယွာဘ၏ငယ်သားမြင်သော အခါ အလောင်းကိုကွင်းပြင်သို့ဆွဲယူ ပြီးလျှင်အဝတ်နှင့်အုပ်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော်အနီးမှဖြတ် သွားသူအပေါင်းတို့သည်ထိုအလောင်း ကိုမြင်ရကြသောကြောင့်ဖြစ်၏။-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
2 Samuel 20:4မင်းကြီးသည်အာမသအား``သင်သည်ယုဒ ပြည်သူတို့အားခေါ်ယူစုရုံးစေပြီးလျှင် သန် ဘက်ခါထိုသူတို့နှင့်အတူဤအရပ်သို့ပြန် လာရမည်'' ဟုမိန့်တော်မူ၏။-
2 Samuel 20:13လမ်းပေါ်မှအလောင်းကိုဖယ်ရှားလိုက်သော အခါ လူအပေါင်းတို့သည်ရှေဘအားလိုက် လံဖမ်းဆီးရန်ယွာဘ၏နောက်သို့လိုက်သွား ကြ၏။
2 Kings 9:32ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်ပထမစောင် 20:11