1 ဓမ္မရာဇဝင်ပထမစောင် 20:19
ကျွန်မတို့၏မြို့သည်ကြီးမြတ်သည့်မြို့၊ ဣသရေလပြည်တွင်ငြိမ်းချမ်းမှုကိုအလို လားဆုံး၊ သစ္စာအရှိဆုံးမြို့တစ်မြို့ဖြစ်ပါ၏။ အရှင်သည်ဤမြို့ကိုဖျက်ဆီးရန်အဘယ် ကြောင့်ကြိုးစားနေပါသနည်း။ ဘုရားသခင် ပိုင်တော်မူသောအရာကိုအရှင်ပျက်စီးစေ လိုတော်မူပါသလော'' ဟုမေး၏။
Common Language Bible
In The King James Version
In Context
20ယွာဘက``ထိုသို့မဟုတ်ပါ။ ငါသည်အဘယ် အခါ၌မျှ သင်တို့၏မြို့ကိုဖျက်ဆီးမည် မဟုတ်ပါ။-
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
Genesis 18:23အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
Numbers 16:32သူတို့နှင့်တကွသူတို့၏သားမယားများ၊ ကောရ၏နောက်လိုက်များနှင့်သူတို့ပိုင်ဆိုင် သမျှပစ္စည်းများကိုမြေမျိုလေ၏။-
Deuteronomy 32:9သို့ရာတွင်ကိုယ်တော်သည်ယာကုပ်၏ အဆက်အနွယ်တို့ကို မိမိအတွက်ရွေးချယ်တော်မူ၏။
1 Samuel 10:1ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
2 Samuel 17:16ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။
1 Kings 8:53ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘိုးဘေးများ အားအီဂျစ်ပြည်မှထုတ်ဆောင်လာတော်မူစဉ် အခါက ကိုယ်တော်၏အစေခံမောရှေအားဖြင့် မိန့်မှာတော်မူသည့်အတိုင်း ဤသူတို့အားကိုယ် တော်ပိုင်တော်မူသောလူမျိုးတော်ဖြစ်စေရန် လူ မျိုးတကာတို့အထဲကရွေးချယ်တော်မူခဲ့ ပါ၏'' ဟုဆုတောင်းပတ္ထနာပြုတော်မူ၏။