bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 20 › 1 ဓမ္မရာဇဝင်ပထမစောင် 20:2
1 ဓမ္မရာဇဝင်ပထမစောင် 20:2
ထို့ကြောင့်ဣသရေလပြည်မှလူတို့သည် ဒါဝိဒ်ကိုစွန့်၍ ရှေဘနှင့်လိုက်သွားကြ၏။ ယုဒပြည်မှလူတို့မူကားသစ္စာမဖောက်ဘဲ ယော်ဒန်မြစ်မှယေရုရှလင်မြို့တိုင်အောင် ဒါဝိဒ်နှင့်လိုက်သွားကြလေသည်။
Common Language Bible
In The King James Version
So every man of Israel went up from after David, and followed Sheba the son of Bichri: but the men of Judah clave unto their king, from Jordan even to Jerusalem.
In Context
1ဂိလဂါလမြို့တွင်ဗိခရိ၏သား၊ ဗင်္ယာမိန် အနွယ်ဝင်၊ ရှေဘဆိုသူလူဆိုးလူသွမ်း တစ်ယောက်ရှိ၏။ သူသည်တံပိုးခရာမှုတ်ပြီး လျှင်``ဒါဝိဒ်ကိုအလိုမရှိ။ ငါတို့သူ့နောက် သို့မလိုက်လို။ ဣသရေလပြည်သူတို့ငါတို့ သည်အိမ်သို့ပြန်ကြကုန်အံ့'' ဟုဟစ်အော် ကြွေးကြော်၏။-
3ဒါဝိဒ်သည်ယေရုရှလင်မြို့တွင်ရှိသောမိမိ ၏နန်းတော်သို့ရောက်သောအခါ နန်းတော်စောင့် အဖြစ်ထားခဲ့သည့်မောင်းမဆယ်ယောက်ကို ထိန်းသိမ်းလိုက်ပြီးလျှင်အစောင့်နှင့်ထား၏။ သူတို့အတွက်လိုအပ်သောပစ္စည်းအသုံး အဆောင်များကိုပေးတော်မူသော်လည်းမင်း ကြီးသည်သူတို့နှင့်ကိုယ်လက်နှီးနှောမှုကို ပြုတော်မမူ။ သူတို့သည်တစ်သက်လုံး အချုပ်ခံရကာမုဆိုးမများကဲ့သို့ နေထိုင်ရကြ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 20
Cross References
2 Samuel 19:40မင်းကြီးသည်ယော်ဒန်မြစ်ကိုကူးသောအခါ ယုဒပြည်တစ်ပြည်လုံးမှလူတို့နှင့် ဣသရေလ ပြည်တစ်ဝက်မှလူတို့သည်မင်းကြီးအားလိုက် ပါပို့ဆောင်ကြ၏။ ထိုနောက်မင်းကြီးသည် ဂိလဂါလမြို့သို့ဆက်လက်၍ကြွတော်မူ ၏။ ခိမဟံသည်လည်းလိုက်ပါသွားလေသည်။-
2 Chronicles 10:17ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာအုပ်စိုးရလေ၏။
Psalms 118:8လူကိုအားကိုးသည်ထက်ထာဝရဘုရားကို အားကိုးခြင်းကပို၍ကောင်း၏။
John 6:66ထိုအချိန်မှစ၍တပည့်တော်အများပင် အထံတော်မှဆုတ်ခွာလျက် ကိုယ်တော်နှင့် အတူမလိုက်ဘဲနေကြ၏။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်ပထမစောင် 20:2