1 ဓမ္မရာဇဝင်ပထမစောင် 21:19
ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 21
Cross References
1 Samuel 17:7သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-
1 Chronicles 11:26ထူးချွန်သောအခြားစစ်သူရဲများစာရင်း မှာအောက်ပါအတိုင်းဖြစ်သည်။ ယွာဘ၏ညီ၊အာသဟေလ။ ဗက်လင်မြို့သား၊ဒေါဒေါ၏သားဧလဟာနန်။ ဟေရောဒိမြို့သား၊ရှမ္မ။ ဖာလတိမြို့သားဟေလက်။ တေကောမြို့သားဣကေရှ၏သားဣရ။ အနေသောသိမြို့သားအဗျေဇာ။ ဟုရှသိမြို့သားသိဗေကဲ။ အဟောဟိမြို့သားဣလဲ။ နေတောဖာသိမြို့သားမဟာရဲ၊ နေတောဖာသိမြို့သားဗာန၏သား ဟေလက်။ ဗင်္ယာမိန်ပြည်ဂိဗာမြို့သားရိဘဲ၏သားဣတ္တဲ။ ပိရသောနိမြို့သားဗေနာယ။ ဂါရှမြို့အနီးချိုင့်ဝှမ်းများမှဟုရဲ။ အာဗသိမြို့သားအဗျေလ။ ဗာဟုမိမြို့သားအာဇမာဝက်။ ရှာလဗောနိမြို့သားဧလျာဘ။ ဂိဇောနိမြို့သားယာရှင်။ ဟာရာမြို့သားရှာဂဲ၏သားယောနသန်။ ဟာရာမြို့သားစာကာရ၏သားအဟိအံ။ ဥရ၏သားဧလိဖလ။ မေခေရသိမြို့သားဟေဖာ။ ပေလောနိမြို့သားအဟိယ။ ကရမေလမြို့သားဟေဇရဲ။ ဧဇပဲ၏သားနာရဲ။ နာသန်၏ညီယောလ။ ဟဂ္ဂေ၏သားမိဗဟာ။ အမ္မုန်မြို့သားဇေလက်။ ယွာဘ၏လက်နက်ကိုင်ဆောင်သူ ဗေရောသိမြို့သားနဟာရဲ။ ဣသရိမြို့သားဣရနှင့်ဂါရက်။ ဟိတ္တိလူမျိုးဥရိယ။ အာလဲ၏သားဇာဗဒ်။ ရှိဇ၏သားအဒိန(သူသည်ရုဗင်အနွယ်မှ ဦးစီးခေါင်းဆောင်တစ်ဦးဖြစ်၍ လူသုံးကျိပ်ရှိ တပ်စိပ်တစ်စိပ်အုပ်ချုပ်ရသူဖြစ်၏။) မာခါ၏သားဟာနန်။ မိသနိမြို့သားယောရှဖတ်။ အာရှတယောသိမြို့သားသြဇိ။ အာရော်မြို့မှဟောသန်၏သားများဖြစ် ကြသော ရှာမနှင့်ယေဟေလ။ တိဇိမြို့သားရှိမရိ၏သားများဖြစ်ကြသော ယေဒျေလနှင့်ယောဟ။ မဟာဝိမြို့သားဧလျေလ။ ဧလနန်၏သားများဖြစ်ကြသော ယေရိဗဲနှင့်ယောရှဝိ၊မောဘမြို့သားဣသမ။ မေဇောဗိတ်မြို့သားဧလျေလ၊သြဗက်နှင့် ယာသေလတို့ဖြစ်ကြ၏။