1 ဓမ္မရာဇဝင်ပထမစောင် 22:10
ကိုယ်တော်သည်မိုးကောင်းကင်ကို ကွေးညွှတ်စေပြီးလျှင်ဆင်းသက်ကြွလာ တော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
Common Language Bible
In The King James Version
He bowed the heavens also, and came down; and darkness was under his feet.
In Context
11ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်လေပြင်း အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Exodus 20:21သို့ရာတွင်လူတို့သည်အဝေး၌သာရပ်နေ ကြ၏။ မောရှေကသာလျှင်ဘုရားသခင်ရှိ တော်မူရာ မည်းမှောင်သောတိမ်တိုက်အနီးသို့ ချဉ်းကပ်လေ၏။
1 Kings 8:12ထိုအခါရှောလမုန်က၊ ``အို ထာဝရဘုရား၊ကိုယ်တော်သည် မိုးကောင်းကင်တွင်နေကိုထားရှိတော်မူသော်လည်း၊ မိုးတိမ်တွင်လည်းကောင်း၊မှောင်မိုက်တွင်လည်းကောင်း စံရန်ရွေးချယ်တော်မူပါ၏။
Psalms 104:3မိုးမျက်နှာကျက်ရှိရေပြင်အထက်တွင်အိမ်တော်ကို တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်မိုးတိမ်တို့ကိုရထားသဖွယ်၊ လေကိုအတောင်များသဖွယ်စီးတော်မူ၏။
Isaiah 63:19ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏ဘုရင် မဟုတ်ဘိသကဲ့သို့လည်းကောင်း၊ ကျွန်တော် မျိုးတို့သည်ကိုယ်တော်ရှင်၏လူမဟုတ်ဘိ သကဲ့သို့လည်းကောင်းကျွန်တော်မျိုးတို့ကို ကိုယ်တော်ရှင်ဆက်ဆံတော်မူပါ၏။
Nahum 1:3ထာဝရဘုရားသည်အလွယ်တကူ အမျက်ထွက်တော်မမူတတ်။ သို့ရာတွင်ကိုယ်တော်သည်တန်ခိုးကြီး တော်မူ၍၊ အပြစ်ရှိသူတို့ကိုအပြစ်ဒဏ်မခတ်ဘဲ အဘယ်အခါ၌မျှထားတော်မမူပါ။ ကိုယ်တော်လျှောက်သွားရာအရပ်တို့၌ လေမုန်တိုင်းများကျရောက်တတ်၏။ မိုးတိမ်များကားကိုယ်တော်၏ရွှေစက်တော် အောက်မှ ထသည့်မြေမှုန့်များပင်တည်း။
Luke 23:44အချိန်ကားမွန်းတည့်ချိန်လောက်ဖြစ်၏။ ထို အချိန်မှစ၍မွန်းလွဲသုံးနာရီအထိ မြေတစ် ပြင်လုံးတွင်နေရောင်အလင်းကွယ်၍မှောင် အတိကျလေ၏။-