1 ဓမ္မရာဇဝင်ပထမစောင် 22:3
ငါ၏ဘုရားသခင်သည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူသဖြင့် ငါသည်ဘေးမဲ့လုံခြုံမှုရှိပါ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ ငါ့အားဘေးမဲ့လုံခြုံစွာထားတော်မူ၏။ ကိုယ်တော်သည်ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါ့ကိုကွယ်ကာ၍အကြမ်းဖက်မှုမှကယ်တော် မူ၏။
Common Language Bible
In The King James Version
In Context
2ထာဝရဘုရားသည်ငါ၏ကယ်တင်ရှင် ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
Genesis 15:1ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
Deuteronomy 32:37ထိုအခါထာဝရဘုရားသည်မိမိ၏လူမျိုး တော်အား `သင်တို့ယုံကြည်ကိုးစားရာ၊တန်ခိုးကြီးသော ဘုရားများအဘယ်မှာရှိသနည်း။
1 Samuel 2:1ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
2 Samuel 22:51ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။
Psalms 5:12အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိစကားကိုနားထောင် သူတို့အားကောင်းချီးပေးတော်မူပါ၏။ ကိုယ်တော်၏မေတ္တာတော်သည်ဒိုင်းလွှားသဖွယ် သူတို့အားကွယ်ကာစောင့်ရှောက်တော်မူပါ၏။
Psalms 9:10အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုသိကျွမ်းသူတို့သည် ကိုယ်တော်ရှင်အားယုံကြည်ကိုးစားကြပါ လိမ့်မည်။ ကိုယ်တော်ရှင်သည်အထံတော်သို့ချဉ်းကပ်သူ မှန်သမျှကိုစွန့်ပစ်တော်မမူပါ။