1 ဓမ္မရာဇဝင်ပထမစောင် 22:51
ဘုရားသခင်သည်မိမိဘိသိက်ပေးတော်မူသော ဘုရင်အားအောင်ပွဲကြီးကိုခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသော ဒါဝိဒ်မင်းမှစ၍အဆက်အနွယ်တို့အား၊ ခိုင်မြဲသောမေတ္တာတော်ကိုကာလအစဉ်အဆက် ပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 22
Cross References
2 Samuel 7:12သင်ကွယ်လွန်၍ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ် ခြင်းကိုခံရသောအခါ ငါသည်သင်၏သား တစ်ယောက်ကိုမင်းမြှောက်ကာသူ၏နိုင်ငံ ကိုတည်တံ့ခိုင်မြဲစေမည်။-
2 Samuel 7:16သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
2 Samuel 23:1ဘုရားသခင်ချီးမြှင့်တော်မူခြင်းကိုခံရသော ဘုရင်အဖြစ်ဖြင့် ယာကုပ်၏ဘုရားဘိသိက်ပေး တော်မူသောဣသရေလနိုင်ငံတွင် သာယာစွာ သီချင်းဖွဲ့ဆိုသောယေရှဲ၏သားဒါဝိဒ်၏နောက် ဆုံးမိန့်မြွက်သည့်စကားကားအောက်ပါအတိုင်း ဖြစ်သည်။
Psalms 18:50ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
Psalms 48:3ထိုမြို့တော်၏ခံတပ်များအတွင်းအထံ တော်တွင် ဘေးမဲ့လုံခြုံမှုရှိကြောင်းကိုဘုရားသခင် ပြသတော်မူပြီ။
Psalms 89:24ငါသည်သူ့အားအစဉ်ချစ်မြတ်နိုး၍သစ္စာ စောင့်မည်။ သူ့အားအစဉ်အောင်ပွဲခံစေမည်။