1 ဓမ္မရာဇဝင်ပထမစောင် 23:24
ရဲဘော်သုံးကျိပ်ဝင်အခြားသူရဲကောင်း များကိုဖော်ပြအံ့။ ယွာဘ၏ညီအာသဟေလ၊ ဗက်လင်မြို့နေဒေါဒေါ၏သားဧလဟာနန်၊ ဟရောဒိမြို့သား၊ ရှမ္မနှင့်ဧလိက၊ ဖာလာတိမြို့သားဟေလက် တေကောမြို့နေဣကေရှ၏သားဣရ အနေသောသိမြို့သားအဗျေဇာ၊ ဟုရှသိမြို့သားမေဗုန္နဲ၊ အဟောဟိမြို့သားဇာလမုန်၊ နေတောဖာသိမြို့သားမဟာရဲနှင့် ဗာနာ၏သားဟေလက်၊ ဗင်္ယာမိန်နယ်ဂိဗာမြို့နေရိဘဲ၏သားအိတ္တဲ၊ ပိရသောနိမြို့သားဗေနာယ၊ ဂါရှအနီးရှိချိုင့်ဝှမ်းနေဟိဒ္ဒဲ၊ အရဗမြို့သားအဗျာလဗုန်၊ ဗာဟုမိမြို့သားအာဇမာဝက်၊ ရှာလဗောနိမြို့သားဧလျာဘ၊ ယာရှင်၏သားများ၊ ယောနသန်၊ ဟာရာရိမြို့သားရှမ္မ၊ အာရာမြို့နေရှာရ၏သားအဟိအံ၊ မာခါသိမြို့နေအဟသဘဲ၏သားဧလိဖ၊ ဂိလောမြို့နေအဟိသောဖေလ၏သား ဧလျံ၊ ကရမေလမြို့သားဟေဇရဲ၊ အာရပ်မြို့သားဖာရဲ၊ ဇောဘမြို့နေနာသန်၏သားဣဂါလ၊ ဂဒ်နယ်၏သားဗာနိ၊ အမ္မုန်အမျိုးသားဇေလက်၊ ဇေရုယာ၏သားယွာဘ၏လက်နက်ကိုင် ဗေရောသိမြို့သားနဟာရဲ၊ ဣသရိမြို့သားဣရနှင့်ဂါရက်၊ ဟိတ္တိအမျိုးသားဥရိယ၊ စသည်ဖြင့်နာမည်ကျော်သူရဲကောင်းစုစု ပေါင်းသုံးကျိပ်ခုနစ်ယောက်ရှိသတည်း။
Common Language Bible
In The King James Version
Asahel the brother of Joab was one of the thirty; Elhanan the son of Dodo of Bethlehem,
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 23
Cross References
2 Samuel 2:13ဇေရုယာ၏သားယွာဘနှင့်ဒါဝိဒ်၏စစ်သူရဲ တို့သည်လည်း ဂိဗောင်ကန်အနီးသို့လာရောက်၍ သူတို့နှင့်တွေ့ဆုံကြ၏။ သူတို့လူနှစ်စုသည် ကန်တစ်ဘက်တစ်ချက်စီ၌နေရာယူကြ၏။-
2 Samuel 21:19ဂေါဘမြို့၌ပင်ဖိလိတ္တိအမျိုးသားတို့ နှင့်အခြားတိုက်ပွဲတစ်ခုဖြစ်ပြန်၏။ ထို တိုက်ပွဲတွင်ယာဣရ၏သား၊ ဗက်လင်မြို့ သားဧလဟာနန်သည်ဂါသမြို့သား ဂေါလျတ်ကိုသတ်ဖြတ်လိုက်၏။ ဂေါလျတ် ၏လှံရိုးသည်ယက်ကန်းလက်လိပ်တန် တမျှကြီးသတည်း။