1 ဓမ္မရာဇဝင်ပထမစောင် 3:21
အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
2 Samuel 2:9သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
2 Samuel 3:12ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
Psalms 20:4အရှင်မင်းကြီး၏လိုအင်ဆန္ဒကိုပြည့်ဝစေ တော်မူ၍ အကြံအစည်ရှိသမျှတို့ကိုလည်းအောင် မြင်စေရန် ကူမတော်မူပါစေသော။