1 ဓမ္မရာဇဝင်ပထမစောင် 3:29
ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Exodus 21:19ထ၍တောင်ဝှေးဖြင့်လမ်းလျှောက်နိုင်လျှင် သော်လည်းကောင်း၊ ထိုသူကိုအပြစ်ဒဏ် မစီရင်ရ၊ ထိုသူအလုပ်ပျက်သည့်အချိန် အတွက် ဒဏ်ရာရစေသူကလျော်ကြေးကို ပေး၍၊ အနာပျောက်ကင်းသည့်အချိန်အထိ ဒဏ်ရာရသူအားတာဝန်ယူစောင့်ရှောက် ရမည်။
Judges 9:24ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
1 Samuel 2:32သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-
1 Kings 2:31ရှောလမုန်မင်းကလည်း``ယွာဘပြောသည် အတိုင်းပြုလော့။ သူ့ကိုကွပ်မျက်၍သင်္ဂြိုဟ် လိုက်လော့။ ထိုအခါအပြစ်မဲ့သူများအား ယွာဘသတ်ဖြတ်ခဲ့သည့်အပြစ်အတွက် ငါ ၌သော်လည်းကောင်း၊ ဒါဝိဒ်၏အခြားသား မြေးများ၌သော်လည်းကောင်းတာဝန်ရှိ တော်မူမည်မဟုတ်။-
1 Kings 2:33ထိုလူသတ်မှုများအတွက်ယွာဘနှင့်သူ၏ သားမြေးတို့သည် ထာဝစဉ်အပြစ်ဒဏ်ခံရ ကြလတ္တံ့။ သို့ရာတွင်ဒါဝိဒ်၏အရိုက်အရာ ဆက်ခံကြသောသားမြေးတို့ကိုမူကား ထာဝရဘုရားသည်အစဉ်အမြဲအောင်ပွဲ ခံစေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။