1 ဓမ္မရာဇဝင်ပထမစောင် 3:35
စားတော်ခေါ်ရန်ဒါဝိဒ်အားလူတို့တစ်နေ့လုံး တိုက်တွန်းကြသော်လည်းမင်းကြီးက``ငါသည် နေမဝင်မီစားတော်ခေါ်ခဲ့သော် ငါ့အားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူပါစေသော'' ဟု ကျိန်ဆိုအဋ္ဌိဋ္ဌာန်ပြုတော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Ruth 1:17မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
2 Samuel 1:12သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
2 Samuel 12:17နန်းတွင်းအရာရှိများသည်လာ၍သူ့အား ကြိုးစားပြီးအထခိုင်းကြသော်လည်း မင်း ကြီးသည်ငြင်းဆန်လျက်သူတို့နှင့်အတူ အစားအစာသုံးဆောင်တော်မမူ။-
Jeremiah 16:7ချစ်မြတ်နိုးသူတစ်စုံတစ်ယောက်သေဆုံးသည့် အတွက်နှစ်သိမ့်မှုရရှိစေရန်အဘယ်သူမျှ မသာရှင်နှင့်အတူစားသောက်ကြလိမ့်မည် မဟုတ်။ မိဘသေဆုံးသူများပင်လျှင်အဘယ် သူမျှကရုဏာသက်မှုကိုပြသကြလိမ့် မည်မဟုတ်။''
Ezekiel 24:22ထိုအခါသင်တို့သည်ငါပြုခဲ့သည့်အတိုင်း ပြုကြလိမ့်မည်။ သင်တို့၏မျက်နှာများကိုဖုံး အုပ်လိမ့်မည်မဟုတ်။ ဝမ်းနည်းပူဆွေးသူတို့ သည်အစားအစာကိုစားလိမ့်မည်မဟုတ်။-