1 ဓမ္မရာဇဝင်ပထမစောင် 3:6
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
1 Samuel 14:50သူ၏ကြင်ယာတော်ကားအဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သေနာပတိမှာ ဦးရီးတော်နေရ၏သားအာဗနာဖြစ်သည်။-
2 Samuel 3:1ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
2 Chronicles 25:8စစ်ပွဲတွင်သူတို့ပါရှိခြင်းအားဖြင့်ပိုမို အင်အားတောင့်တင်းလိမ့်မည်ဟု မင်းကြီး ထင်မှတ်ကောင်းထင်မှတ်ပါလိမ့်မည်။ သို့ သော်လည်းဘုရားသခင်သည်စစ်ပွဲအနိုင် အရှုံးကိုပေးပိုင်သောတန်ခိုးရှင်ဖြစ်တော် မူသဖြင့် ထိုသူတို့နှင့်အရှင်မင်းကြီး မဟာမိတ်ဖွဲ့ပါမူမင်းကြီးအားရန်သူ တို့လက်တွင်အရေးရှုံးနိမ့်စေတော်မူ လိမ့်မည်''ဟုလျှောက်ထား၏။
Isaiah 8:9အချင်းနိုင်ငံခြားသားအပေါင်းတို့ကြောက်ရွံ့ လျက်စုဝေးကြလော့။ ရပ်ဝေးဒေသမှလူ အပေါင်းတို့၊ နားထောင်ကြလော့။ စစ်တိုက်ရန် အသင့်ပြင်ဆင်ကြလော့။ သို့ရာတွင်ကြောက် လန့်လျက်နေကြလော့။ သင်တို့သည်ယင်းသို့ အသင့်ပြင်ဆင်ကြသော်လည်းကြောက်လန့် လျက်နေရကြ၏။-
Matthew 12:30``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-