1 ဓမ္မရာဇဝင်ပထမစောင် 3:9
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
Common Language Bible
In The King James Version
So do God to Abner, and more also, except, as the LORD hath sworn to David, even so I do to him;
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 3
Cross References
Ruth 1:17မိခင်သေရာအရပ်တွင်ကျွန်မသေပါ မည်။ ထိုအရပ်တွင်သင်္ဂြိုဟ်ခြင်းကိုခံပါမည်။ အကယ်၍ကျွန်မသည် သေခြင်းမှတစ်ပါး အခြားအကြောင်းတစ်ခုခုကြောင့် မိခင်နှင့် ခွဲခွာခဲ့လျှင်ဘုရားသခင်သည် ကျွန်မအား အဆိုးရွားဆုံးသောအပြစ်ဒဏ်ကိုပေး တော်မူပါစေသော'' ဟုပြန်ပြောလေသည်။
1 Samuel 14:44ရှောလုက``ငါသည်သင့်အားသေဒဏ်မပေး ခဲ့သော် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော'' ဟုဆို၏။
1 Samuel 16:1ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
1 Samuel 28:17ထာဝရဘုရားသည်ငါ့အားဖြင့်မိန့်မြွက် တော်မူခဲ့သည့်အတိုင်း ယခုသင့်ကိုပြု တော်မူလေပြီ။ ကိုယ်တော်သည်သင်၏နိုင်ငံ ကိုသင့်ထံမှရုပ်သိမ်း၍ဒါဝိဒ်အားပေး အပ်တော်မူလေပြီ။-
2 Samuel 19:13ထို့ပြင်အာမသအား``သင်သည်ငါ၏ဆွေမျိုး ဖြစ်၏။ ယခုအချိန်မှစ၍သင့်အားယွာဘ ၏နေရာတွင်တပ်မတော်ဗိုလ်ချုပ်အဖြစ်ငါ ခန့်ထားပြီ။ ယင်းသို့ငါမပြုပါမူဘုရားသခင်သည်ငါ့အားအဆုံးစီရင်တော်မူပါ စေသော'' ဟုပြောကြားရန်လည်းမှာတော်မူ လိုက်၏။-
1 Kings 2:23ထို့နောက်ရှောလမုန်က``ဤအမှုကိုပြုသည့် အတွက် အဒေါနိယအားငါအသက်မသေ စေလျှင် ဘုရားသခင်သည်ငါ့အားအဆုံး စီရင်တော်မူပါစေသော။-