1 ဓမ္မရာဇဝင်ပထမစောင် 5:12
ထို့ကြောင့်ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားအတည် ပြုတော်မူကြောင်းနှင့်ကိုယ်တော်သည် မိမိ လူမျိုးတော်၏အကျိုးကိုထောက်၍ သူ၏ နိုင်ငံကိုသာယာဝပြောစေတော်မူ လျက်ရှိကြောင်းကိုသိမြင်လာလေသည်။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
2 Samuel 7:16သင်၏အမျိုးအနွယ်သည်အဘယ်အခါ ၌မျှမတိမ်ကောဘဲ သင်၏နိုင်ငံသည်ထာဝ စဉ်တည်လိမ့်မည်။ သင်၏ရာဇအာဏာစက် သည်လည်းအဘယ်အခါ၌မျှပျက်သုဉ်း သွားလိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ဆင့်ဆိုလော့'' ဟုမိန့်တော်မူ၏။
1 Chronicles 14:2သို့ဖြစ်၍ဒါဝိဒ်သည်မိမိအားဣသရေလ ဘုရင်အဖြစ်ဖြင့် ထာဝရဘုရားခန့်ထား တော်မူပြီဖြစ်ကြောင်း၊ မိမိ၏ပြည်သူတို့ အကျိုးငှာဣသရေလနိုင်ငံကို ချမ်းသာ ကြွယ်ဝစေတော်မူပြီဖြစ်ကြောင်းသိရှိ ရ၏။
Esther 4:14အကယ်၍သင်သည်ယခုအချိန်အခါမျိုး ၌ဆိတ်ဆိတ်နေပါမူ ယုဒအမျိုးသားတို့ သည် ကောင်းကင်ဘုံမှအကူအညီကိုရရှိ ၍ကယ်တင်ခြင်းကိုခံရကြပါမည်။ သင်မူ ကားအသတ်ခံရလျက်ဖခင်၏အိမ်ထောင်စု သည်လည်းပျက်စီးဆုံးပါးကြလိမ့်မည်။ သို့ ရာတွင်သင်မိဖုရားဖြစ်လာရသည်မှာ ဤ အချိန်အခါမျိုးအတွက်ပင်ဖြစ်သည်မ ဟုတ်ပါလော'' ဟုသတိပေးစကားမှာ ကြားလိုက်၏။
Daniel 2:30ဘုရားသခင်သည်ယင်းသို့လျှို့ဝှက်ခက်ခဲ သည့်အရာကို အကျွန်ုပ်အားသိစေတော် မူသည်မှာအကျွန်ုပ်သည် အခြားသူအပေါင်း တို့ထက်ပို၍အသိပညာရှိသောကြောင့် မဟုတ်ပါ။ အရှင်မင်းကြီးအားအိပ်မက်၏ အနက်ကိုသိရှိစေရန်နှင့် နှလုံးတော်ဆင် ခြင်ချက်များကိုနားလည်လာစေရန်ပင် ဖြစ်ပါ၏။