1 ဓမ္မရာဇဝင်ပထမစောင် 5:3
ထို့ကြောင့်ဣသရေလခေါင်းဆောင်အပေါင်းတို့ သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့ရောက်လာကြ ၏။ ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် သူတို့နှင့်သစ္စာကတိပြုတော်မူသဖြင့် သူ တို့ကဒါဝိဒ်အားဣသရေလဘုရင်အဖြစ် ဘိသိက်ပေးကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Judges 11:11ထို့ကြောင့်ယေဖသသည်ဂိလဒ်ပြည်ခေါင်းဆောင် များနှင့်အတူလိုက်သွားလေသည်။ လူတို့သည် လည်းသူ့အားမိမိတို့၏ဘုရင်အဖြစ်ဖြင့် လည်းကောင်း၊ ခေါင်းဆောင်အဖြစ်ဖြင့်လည်းကောင်း ချီးမြှောက်ကြ၏။ ယေဖသသည်မိဇပါမြို့ ၌ထာဝရဘုရား၏ရှေ့တော်မှောက်တွင် မိ မိတောင်းဆိုချက်များကိုပြန်လည်ဖော် ပြလျှောက်ထား၏။
1 Samuel 16:13ရှမွေလသည်သံလွင်ဆီကိုယူ၍ဒါဝိဒ်အား သူ၏အစ်ကိုများရှေ့တွင်ဘိသိက်ပေးလေ သည်။ ထိုနေ့မှအစပြု၍ဘုရားသခင်၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်သို့သက်ရောက် တည်နေတော်မူ၏။ ထိုနောက်ရှမွေလသည် ရာမမြို့သို့ပြန်လေ၏။
2 Samuel 2:4ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
2 Samuel 3:21အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
1 Chronicles 11:3ယင်းသို့ဣသရေလအမျိုးသားခေါင်းဆောင် အပေါင်းတို့သည် ဟေဗြုန်မြို့ရှိဒါဝိဒ်မင်းထံ တော်သို့လာရောက်ကြသောအခါ မင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်၌ထိုသူတို့နှင့်သစ္စာ မိတ်ဖွဲ့တော်မူ၏။ သူတို့သည်လည်းရှမွေလအား ဖြင့်ထာဝရဘုရားကတိပေးတော်မူခဲ့သည့် အတိုင်း ဒါဝိဒ်အားဘိသိက်ပေး၍ဣသရေလ ဘုရင်အဖြစ်ဖြင့်ချီးမြှောက်ကြ၏။
2 Chronicles 23:16ယောယဒသည်မင်းကြီးနှင့်တကွပြည်သူ အပေါင်းတို့အား ဘုရားသခင်၏လူမျိုး တော်ဖြစ်ကြစေရန် မိမိနှင့်အတူပါဝင် ၍ကိုယ်တော်နှင့်ပဋိညာဉ်ဖွဲ့စေ၏။-