1 ဓမ္မရာဇဝင်ပထမစောင် 5:6
ဒါဝိဒ်မင်းနှင့်သူ၏စစ်သည်တော်တို့သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်ရန်ချီတက် သွားကြ၏။ ထိုမြို့တွင်နေထိုင်သူယေဗုသိ အမျိုးသားတို့က ထိုမြို့ကိုဒါဝိဒ်သိမ်းယူ နိုင်လိမ့်မည်မဟုတ်။ သင်မဝင်နိုင်အောင်မျက် မမြင်များနှင့်ခြေဆွံ့သူများပင်ဆီးတား နိုင်ပါ၏'' ဟုဆိုကြ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 5
Cross References
Genesis 14:18အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
Joshua 15:63ယုဒအနွယ်ဝင်တို့သည်ယေရုရှလင်မြို့ တွင်နေထိုင်သောယေဗုသိအမျိုးသားတို့ ကိုနှင်မထုတ်နိုင်သဖြင့် သူတို့သည်ယနေ့ တိုင်ယုဒအနွယ်ဝင်တို့နှင့်အတူထိုမြို့ တွင်နေထိုင်ကြလေသည်။
Judges 1:8ယုဒအနွယ်ဝင်တို့သည် ယေရုရှလင်မြို့ ကိုတိုက်ခိုက်သိမ်းပိုက်ကြ၏။ မြို့သားတို့ကို သတ်၍မြို့ကိုမီးရှို့ကြလေသည်။-
Judges 19:10သို့ရာတွင်လေဝိအမျိုးသားသည်နောက်တစ် ညမနေလိုတော့သဖြင့် ကုန်းနှီးတင်ထား သည့်မြည်းနှစ်စီးပါလျက် မိမိမယားငယ် နှင့်အတူစတင်ခရီးထွက်လေ၏။ သူတို့ သည်ယေရုရှလင်မြို့တည်းဟူသောယေဗုတ် မြို့သို့ရောက်သောအခါ နေ့အချိန်ကုန်လွန် ခါနီးလေပြီ။ ထို့ကြောင့်အစေခံကမိမိ ၏သခင်အား``ယေဗုသိအမျိုးသားတို့ နေထိုင်ရာမြို့၌ပင်အကျွန်ုပ်တို့အိပ်ကြ ရအောင်'' ဟုပြော၏။
Jeremiah 37:10အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။