1 ဓမ္မရာဇဝင်ပထမစောင် 6:14
သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
Common Language Bible
In The King James Version
And David danced before the LORD with all his might; and David was girded with a linen ephod.
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Exodus 15:20အာရုန်၏အစ်မဖြစ်သူပရောဖက်မမိရိအံ သည် ပတ်သာဗုံကိုကိုင်၍တီးလေ၏။ အခြား အမျိုးသမီးအပေါင်းတို့ကလည်းပတ်သာ ဗုံကိုတီး၍ သူ၏နောက်မှကလျက်လိုက် ကြ၏။-
Deuteronomy 6:5သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
Judges 21:21စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
1 Samuel 2:28ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
1 Chronicles 15:27ဒါဝိဒ်မင်းသည်အလွန်ကောင်းမွန်သောပိတ် ချောထည်ဝတ်လုံကိုဝတ်ဆင်ထားလေသည်။ ထိုနည်းတူဂီတပညာသည်များ၊ သူတို့၏ ခေါင်းဆောင်ခေနနိနှင့်၊ သေတ္တာတော်ကိုပင့် ဆောင်ကြသူလေဝိအနွယ်ဝင်တို့သည်လည်း ဝတ်ဆင်ထားသတည်း။ ဒါဝိဒ်သည်ပိတ်ချော သင်တိုင်းကိုလည်းဝတ်ထားသေး၏။-
Psalms 149:3ဇိအုန်မြို့သူမြို့သားတို့၊သင်တို့၏ဘုရင်ကို အကြောင်းပြု၍ရွှင်မြူးကြလော့။ ကခုန်လျက်ကိုယ်တော်၏နာမတော်အား ထောမနာပြုကြလော့။ ပတ်သာနှင့်စောင်းများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။