1 ဓမ္မရာဇဝင်ပထမစောင် 6:20
ဒါဝိဒ်သည်မိမိ၏အိမ်ထောင်စုသားတို့အား နှုတ်ဆက်ရန်နန်းတော်သို့ပြန်သောအခါ ရှောလု ၏သမီးတော်မိခါလသည်သူ့အားကြိုဆို ရန်ထွက်လာ၏။ မိခါလက``ပေါ့ပျက်သူအ ရှက်မဲ့အဝတ်လှစ်သည့်နည်းတူအရာရှိတို့ ၏ကျွန်မိန်းမတို့ရှေ့တွင်မိမိကိုယ်ကိုအဝတ် လှစ်သောဣသရေလဘုရင်သည်ယနေ့ အလွန်ဘုန်းကြီးပါသည်တကား'' ဟု ဆို၏။
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 6
Cross References
Joshua 24:15အကယ်၍သင်တို့သည်ထာဝရဘုရားကို မကိုးကွယ်လျှင် မက်ဆိုပိုတေးမီးယားပြည် ၌သင်တို့၏ဘိုးဘေးများကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ သင်တို့ယခုနေထိုင် ရာအာမောရိအမျိုးသားတို့ကိုးကွယ်သော ဘုရားများမှဖြစ်စေ၊ ကိုးကွယ်ရန်ဘုရား ကိုယနေ့ရွေးချယ်ကြလော့။ ငါနှင့်ငါ၏ မိသားစုတို့မူကားထာဝရဘုရားကို သာကိုးကွယ်မည်'' ဟုပြောကြားလေ၏။
1 Samuel 18:20သို့ရာတွင်ရှောလု၏သမီးတော်မိခါလသည် ဒါဝိဒ်အားချစ်ကြိုက်၏။ ဤအကြောင်းကိုရှောလု သိသောအခါနှစ်သက်အားရတော်မူသဖြင့်၊-
2 Samuel 6:14သူသည်ပိတ်စတစ်ခုကိုသာဝတ်ဆင်လျက် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူးရန် အစွမ်းကုန်ကခုန်လေ၏။-
2 Samuel 6:18ယင်းသို့ပူဇော်ပြီးသောအခါသူသည် အနန္တ တန်ခိုးရှင်ထာဝရဘုရား၏နာမတော်ကို အမှီပြု၍လူတို့အားကောင်းချီးပေးတော် မူ၏။-
Nehemiah 4:3သူ့အနီးတွင်ရပ်လျက်နေသောတောဘိက``သူ တို့သည်အဘယ်သို့သောမြို့ရိုးကိုတည်ဆောက် နိုင်ကြမည်နည်း။ သူတို့၏မြို့ရိုးသည်မြေခွေး တိုးမိလျှင်ပြိုကျလိမ့်မည်'' ဟုထောက်ခံ ပြောဆို၏။
Psalms 30:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို ကယ်တော်မူသောကြောင့်လည်းကောင်း၊ ကျွန်တော်မျိုး၏ဝေဒနာကြောင့် ရန်သူတို့အားနှစ်ထောင်းအားရခွင့်ကို ပေးတော်မမူသောကြောင့်လည်းကောင်း ကိုယ်တော်ရှင်အားကျွန်တော်မျိုးထောမနာ ပြုပါ၏။