1 ဓမ္မရာဇဝင်ပထမစောင် 7:1
ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
Joshua 23:1ကာလအတန်ကြာပြီးနောက်ထာဝရဘုရား သည် ဣသရေလအမျိုးသားတို့အား ပတ်ဝန်း ကျင်ရှိရန်သူများ၏ဘေးရန်မှကင်းငြိမ်း စေတော်မူ၏။ ယောရှုသည်လည်းအသက် အရွယ်အလွန်ကြီးရင့်လာပြီ။-
1 Kings 5:4သို့ရာတွင်ယခုအခါ၌ကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် ပတ်ဝန်းကျင် အရပ်ရပ်၌ငြိမ်းချမ်းသာယာမှုကိုပေး တော်မူပါပြီ။ ကျွန်ုပ်မှာရန်သူမရှိပါ။ ရန် သူတိုက်ခိုက်မည့်အန္တရာယ်လည်းမရှိပါ။-
1 Chronicles 22:6မင်းကြီးသည်သားတော်ရှောလမုန်ကို ခေါ်ယူပြီးလျှင် ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားအဖို့ ဗိမာန်တော်တစ်ဆောင်ကိုတည်ဆောက်ရန် အမိန့်ပေးတော်မူ၏။-
1 Chronicles 28:2ဒါဝိဒ်မင်းသည်ထိုသူတို့ရှေ့တွင်ရပ်လျက် မိန့်ခွန်းမြွက်ကြားတော်မူ၏။ မင်းကြီးက``ငါ ၏ပြည်သူပြည်သားတို့၊ နားထောင်ကြလော့။ ငါသည်ငါတို့ဘုရားသခင်ထာဝရဘုရား ၏ခြေတင်ခုံဖြစ်သော ပဋိညာဉ်သေတ္တာတော် ကိုထားရှိရန်အတွက်အိမ်တော်တစ်ဆောင် ကိုတည်ဆောက်လိုပေသည်။ ဘုရားသခင် နာမတော်ကိုချီးမြှောက်ရန်ဗိမာန်တော် တည်ဆောက်ရေးအတွက်ငါသည်ပြင်ဆင် မှုများကိုပြုခဲ့လေပြီ။-
2 Chronicles 20:30သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။