bible.software › 1 ဓမ္မရာဇဝင်ပထမစောင် › 1 ဓမ္မရာဇဝင်ပထမစောင် 7 › 1 ဓမ္မရာဇဝင်ပထမစောင် 7:28
1 ဓမ္မရာဇဝင်ပထမစောင် 7:28
``အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ဘုရားဖြစ်တော်မူပါ၏။ ကတိတော် တို့ကိုလည်းအစဉ်တည်မြဲစေတော်မူပါ၏။ ကိုယ်တော့်ကျွန်အားဤအံ့သြဖွယ်သော ကတိတော်ကိုပေးတော်မူပါပြီ။-
Common Language Bible
In The King James Version
And now, O Lord GOD, thou art that God, and thy words be true, and thou hast promised this goodness unto thy servant:
In Context
27ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရား၊ ကိုယ်တော့် ကျွန်အားဤအမှုအရာများကိုဖော်ပြ၍ ကိုယ်တော့်ကျွန်၏သားမြေးများကိုမင်း မြှောက်တော်မူမည်ဖြစ်ကြောင်းမိန့်တော်မူ သောကြောင့် ကိုယ်တော့်ကျွန်သည်ဤဆုတောင်း ပတ္ထနာကိုအထံတော်သို့တင်လျှောက်ဝံ့ ပါ၏။''
29ကိုယ်တော့်ကျွန်၏သားမြေးတို့သည်ရှေ့ တော်၌ ဆက်လက်၍မျက်နှာရစေရန်သူ တို့အားကောင်းချီးပေးတော်မူပါ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကတိ ထားတော်မူပါပြီ။ ကိုယ်တော်ရှင်၏ကောင်း ချီးမင်္ဂလာကိုကိုယ်တော့်ကျွန်၏သားမြေး တို့ထာဝစဉ်ခံစားစေတော်မူပါ'' ဟူ၍ တောင်းလျှောက်သတည်း။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 7
Cross References
Exodus 34:6ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
John 17:17သူတို့အားသမ္မာတရားအားဖြင့်ကိုယ်တော် ၏အတွက်သီးသန့်ဆက်ကပ်ထားတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည်သမ္မာတရား ဖြစ်ပါ၏။-
This Verse In Other Editions
Study 1 ဓမ္မရာဇဝင်ပထမစောင် 7:28