1 ဓမ္မရာဇဝင်ပထမစောင် 8:10
သားတော်ယောရံကိုဒါဝိဒ်ထံသို့စေလွှတ် ပြီးလျှင် ဟာဒဒေဇာ၏အပေါ်တွင်အောင်ပွဲ ရသည့်အတွက် နှစ်ထောင်းအားရမှုရှိကြောင်း နှုတ်ခွန်းဆက်စကားပြောကြားစေ၏။ တောဣ ကားဟာဒဒေဇာကိုအကြိမ်ပေါင်းများ စွာတိုက်ခိုက်ခဲ့သူဖြစ်သတည်း။ ယောရံ သည်မိမိနှင့်အတူရွှေ၊ ငွေနှင့်ကြေးဝါ ဖြင့်ပြီးသောပစ္စည်းအသုံးအဆောင်များ ကိုဒါဝိဒ်ထံသို့ယူဆောင်လာလေသည်။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
1 Samuel 13:10ယင်းသို့ယဇ်ပူဇော်၍ပြီးခါနီး၌ရှမွေလ ရောက်ရှိလာ၏။ ရှောလုသည်သူ့ကိုသွားရောက် ကြိုဆိုသော်လည်း၊-
1 Chronicles 18:10ဒါဝိဒ်မင်းကြီးအားနှုတ်ခွန်းဆက်သရန်နှင့် စစ်ပွဲနိုင်သည့်အတွက် နှစ်ထောင်းအားရကြောင်း ဖော်ပြရန်သားတော်ဟဒေါရံကိုစေလွှတ် လိုက်လေသည်။ ဟဒေါရံသည်ဒါဝိဒ်မင်း အတွက် ရွှေ၊ ငွေ၊ ကြေးဝါ၊ တို့ဖြင့်ပြီးသော လက်ဆောင်ပဏ္ဏာများကိုယူဆောင်သွား၏။-
Isaiah 39:1ထိုအချိန်ကာလလောက်၌ပင်ဗာလဒန်၏ သားဗာဗုလုန်ဘုရင်မေရောဒပ္ဗာလဒန်သည် ဟေဇကိမင်းဖျားနာလျက်ရှိကြောင်းကြား သိရသဖြင့်၊ သဝဏ်လွှာတစ်စောင်နှင့်လက် ဆောင်ပဏ္ဏာပေးပို့ဆက်သလေ၏။-