1 ဓမ္မရာဇဝင်ပထမစောင် 8:6
ထိုနောက်မင်းကြီးသည်ထိုသူတို့၏နယ် မြေတွင်စစ်စခန်းများကိုတည်ဆောက် ထားသဖြင့် သူတို့သည်မင်းကြီး၏လက် အောက်ခံဖြစ်လာ၍အခွန်ဆက်ရကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်သွားရောက် လေရာအရပ်ရပ်၌အောင်ပွဲကိုခံစေ တော်မူ၏။-
Common Language Bible
In The King James Version
In Context
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 8
Cross References
1 Samuel 13:3ယောနသန်သည် ဂေဗာမြို့ရှိဖိလိတ္တိတပ်မှူး ကိုသတ်ဖြတ်လိုက်၏။ ထိုသတင်းကိုဖိလိတ္တိ အမျိုးသားအပေါင်းတို့ကြားကြ၏။ ထို အခါရှောလုသည်စေတမန်များအား ဣသ ရေလပြည်တစ်လျှောက်လုံးသို့လွှတ်ကာဟေဗြဲ အမျိုးသားတို့အားစစ်ပွဲဝင်ကြရန်တံပိုး ခရာမှုတ်၍စုရုံးစေ၏။-
1 Samuel 14:6ယောနသန်ကလူငယ်အား``ဘုရားမဲ့သူ ဖိလိတ္တိအမျိုးသားတို့၏တပ်စခန်းကို ငါတို့ဝင်ရောက်ကြစို့။ ထာဝရဘုရား သည်ငါတို့အားကူမကောင်းကူမလိမ့်မည်။ အကယ်၍ကိုယ်တော်ကူမတော်မူပါလျှင် ငါတို့သည်အဘယ်မျှပင်အရည်အတွက် အားဖြင့်နည်းသော်လည်းအောင်ပွဲကိုရရှိ ကြမည်'' ဟုဆို၏။
2 Samuel 3:18ယခုအခါကားသင်တို့အဖို့အခွင့်ကောင်းပင် ဖြစ်ပါ၏။ ထာဝရဘုရားက`ငါ၏လူမျိုးတော် အားဖိလိတ္တိအမျိုးသားများနှင့်အခြားရန်သူ တို့လက်တွင်းမှငါ့ကျွန်ဒါဝိဒ်၏လက်ဖြင့် ကယ်မည်' ဟုမိန့်တော်မူခဲ့သည်ကိုအောက်မေ့ သတိရကြလော့'' ဟုဆို၏။-
2 Samuel 7:9သင်သွားလေရာရာ၌သင်နှင့်အတူငါပါရှိ လျက် သင်၏ရန်သူရှိသမျှတို့ကိုနှိမ်နင်းပေး ခဲ့၏။ ငါသည်သင့်အားကမ္ဘာပေါ်တွင်အကျော် စောဆုံးသောခေါင်းဆောင်တစ်ဦးဖြစ်စေမည်။-
2 Samuel 8:14သူသည်ဧဒုံပြည်တစ်လျှောက်လုံးတွင်စစ် စခန်းများတည်ဆောက်ထားသဖြင့် ထိုပြည် သားတို့သည်သူ၏လက်အောက်ခံဖြစ်လာ ကြ၏။ ထာဝရဘုရားသည်ဒါဝိဒ်အား စစ်ချီသွားလေရာ၌အောင်ပွဲကိုခံစေ တော်မူ၏။
2 Samuel 23:14ထိုအခါကဒါဝိဒ်သည်တောင်ပေါ်ခံတပ် ထဲတွင်ရှိ၍ ဖိလိတ္တိအမျိုးသားတစ်စု ကဗက်လင်မြို့ကိုသိမ်းယူထားကြ၏။-