1 ဓမ္မရာဇဝင်ပထမစောင် 9:6
ရှောလု၏မြေးယောနသန်၏သားမေဖိဗော ရှက်သည်ရောက်ရှိလာသောအခါ ဒါဝိဒ်၏ ရှေ့တွင်ရိုသေစွာပျပ်ဝပ်လျက်နေ၏။ ဒါဝိဒ် က``မေဖိဗောရှက်'' ဟုခေါ်လျှင်မေဖိဗော ရှက်က``ကိုယ်တော့်ကျွန်ရှိပါသည်'' ဟုထူး လေ၏။
Common Language Bible
In The King James Version
In Context
5သို့ဖြစ်၍ဒါဝိဒ်မင်းသည်ယောနသန်၏ သားကိုအခေါ်ခိုင်းတော်မူ၏။
Read all of 1 ဓမ္မရာဇဝင်ပထမစောင် 9
Cross References
Genesis 18:2မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
1 Samuel 20:41သူငယ်ထွက်သွားသောအခါ ဒါဝိဒ်သည် ကျောက်ပုံ နောက်မှထွက်လာပြီးလျှင်ဒူးထောက်၍ ယော နသန်အားသုံးကြိမ်တိုင်တိုင်ပျပ်ဝပ်ဦး ညွှတ်၏။ ထိုနောက်သူတို့သည်အချင်းချင်း ဖက်နမ်းငိုကြွေးကြ၏။ ဒါဝိဒ်၏ကြေကွဲ မှုသည် ယောနသန်၏ကြေကွဲမှုထက်ပင် ပိုမိုပြင်းထန်လေသည်။-
2 Samuel 1:7ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
2 Samuel 19:24ထိုနောက်ရှောလု၏မြေးမေဖိဗောရှက်သည် မင်းကြီးအားခရီးဦးကြိုပြုရန်လာရောက် ၏။ သူသည်မင်းကြီးယေရုရှလင်မြို့ကထွက် ခွာသွားချိန်မှအစပြု၍ အောင်မြင်စွာပြန် လည်ရောက်ရှိလာချိန်အထိ မိမိ၏ခြေတို့ ကိုမဆေး၊ မုတ်ဆိတ်ကိုမညှပ်၊ အဝတ်အစား ကိုလည်းမလျှော်မဖွတ်ဘဲနေ၏။-
2 Samuel 21:7ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊-
1 Chronicles 9:40ယောနသန်၏သားသည်မေရိဗ္ဗာလ၊ မေရိဗ္ဗာလ ၏သားမှာမိက္ခာဖြစ်၏။-