The Bible Software
bible.software › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2 › သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

သင်​တို့​သည်​ယင်း​သို့​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍ ငါ​တို့​အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်​နှင့်​အ​တူ ဘုန်း​အ​သ​ရေ​တော်​ကို​ခံ​ယူ​နိုင်​ကြ​စေ​ရန် ဘု​ရား​သ​ခင်​သည်​ငါ​တို့​ဟော​ပြော​ကြေ​ညာ သည့်​သ​တင်း​ကောင်း​အား​ဖြင့် သင်​တို့​ကို​ရွေး ချယ်​တော်​မူ​သ​တည်း။-

Common Language Bible

In The King James Version

Whereunto he called you by our gospel, to the obtaining of the glory of our Lord Jesus Christ.

In Context

13ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​ချစ်​တော်​မူ​သော သင်​တို့​ကို​အ​ကြောင်း​ပြု​၍ ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​အ​စဉ်​အ​မြဲ​ချီး မွမ်း​ရ​ကြ​မည်။ သင်​တို့​သည်​သမ္မာ​တ​ရား​တော် ကို​ယုံ​ကြည်​ကြ​သည့်​အ​တွက်​ကြောင့်​လည်း ကောင်း၊ ဝိ​ညာဉ်​တော်​တန်​ခိုး​အား​ဖြင့်​ကိုယ်​တော် ၏​သန့်​ရှင်း​မြင့်​မြတ်​သော​လူ​စု​တော်​ဝင်​များ ဖြစ်​လာ​သည့်​အ​တွက်​ကြောင့်​လည်း​ကောင်း ဘု​ရား​သ​ခင်​ဦး​စွာ​ပ​ထ​မ​ရွေး​ကောက် ကယ်​တင်​တော်​မူ​သော​လူ​စု​တွင်​သင်​တို့ ပါ​ဝင်​ကြ​သည်​ဖြစ်​ရာ​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​ပေ​သည်။-

15သို့​ဖြစ်​၍​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကြံ့​ကြံ့ ခိုင်​ခိုင်​ရပ်​တည်​နေ​ကြ​လော့။ ဟော​ပြော​ခြင်း အား​ဖြင့်​လည်း​ကောင်း၊ စာ​အား​ဖြင့်​လည်း​ကောင်း သင်​တို့​အား​ငါ​တို့​သွန်​သင်​ခဲ့​သည့်​သစ္စာ တ​ရား​များ​ကို​လက်​မ​လွတ်​စေ​ကြ​နှင့်။

Read all of သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2

Cross References

Psalms 16:11ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။

John 14:2ငါ့​ခ​မည်း​တော်​၏​အိမ်​တော်​တွင်​အ​ခန်း​များ​စွာ ရှိ​၏။ သို့​မ​ရှိ​ပါ​မူ​ငါ​သည်​သင်​တို့​အ​တွက် နေ​ရာ​ကို​သွား​၍​ပြင်​ဆင်​မည်​ဟု​ပြော​ဆို ပါ​မည်​လော။-

John 17:24``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-

Romans 8:17ငါ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ ဖြစ်​သ​ဖြင့်​ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက် ကိုယ်​တော်​လျာ​ထား​တော်​မူ​သော​ကောင်း​ချီး မင်္ဂလာ​များ​ကို​ခံ​စား​ရ​ကြ​မည်။ ခ​ရစ်​တော် အ​တွက်​ဘု​ရား​သ​ခင်​လျာ​ထား​တော်​မူ သည့်​ဂုဏ်​အ​သ​ရေ​ကို​လည်း​ခံ​စား​ရ​ကြ မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည် ခ​ရစ်​တော်​နှင့်​အ​တူ​ဝေ​ဒ​နာ​ခံ​စား​ကြ လျှင် ကိုယ်​တော်​နှင့်​အ​တူ​ဘုန်း​အ​သ​ရေ တော်​ခံ​စား​ရ​ကြ​မည်​ဖြစ်​သော​ကြောင့် တည်း။

Romans 16:25ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​အား​ငါ တို့​ထော​မ​နာ​ပြု​ကြ​ကုန်​စို့။ ယေ​ရှု​ခ​ရစ်​အ​ကြောင်း ငါ​ဟော​ပြော​သော​သ​တင်း​ကောင်း​အ​ရ​သော်​လည်း ကောင်း၊ ရှေး​ကာ​လ​အ​ဆက်​ဆက်​၌​ကွယ်​ဝှက်​နေ​ခဲ့ သော​သစ္စာ​တ​ရား​ပေါ်​လွင်​ထင်​ရှား​ချက်​အ​ရ​သော် လည်း​ကောင်း ကိုယ်​တော်​သည်​သင်​တို့​၏​ယုံ​ကြည် ခြင်း​ကို​ခိုင်​မြဲ​စေ​တော်​မူ​နိုင်​၏။-

1 Thessalonians 1:5အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​သည်​သ​တင်း ကောင်း​ကို စ​ကား​သက်​သက်​ဖြင့်​သာ​မ​ဟုတ် ဘဲ​တန်​ခိုး​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ထို​သ​တင်း ကောင်း​မှန်​ကန်​ကြောင်း​ကို​လုံး​ဝ​စိတ်​ချ ယုံ​ကြည်​သော​စိတ်​နှင့်​လည်း​ကောင်း သင်​တို့ အား​ဟော​ပြော​သော​ကြောင့်​ဖြစ်​၏။ ငါ​တို့ သည်​သင်​တို့​နှင့်​အ​တူ​ရှိ​စဉ်​အ​ခါ​က သင်​တို့​၏​အ​ကျိုး​ငှာ ငါ​တို့​အ​ဘယ်​သို့​ပြု မူ​နေ​ထိုင်​ခဲ့​ကြ​သည်​ကို​သင်​တို့​အ​သိ ပင်​ဖြစ်​၏။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:14

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word Pictures
← သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:13သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 2:15 →