သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3:2
ဘုရားသခင်သည်ငါတို့အားသူယုတ်မာ များနှင့်ဆိုးညစ်သူတို့၏ဘေးအန္တရာယ်မှ ကယ်ဆယ်တော်မူရန်ကိုလည်းဆုတောင်းကြ လော့။ အဘယ်ကြောင့်ဆိုသော်တရားတော် ကိုလူတိုင်းပင်မယုံကြည်သောကြောင့်ဖြစ် သည်။
Common Language Bible
In The King James Version
And that we may be delivered from unreasonable and wicked men: for all men have not faith.
In Context
Read all of သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3
Cross References
Deuteronomy 32:20ထာဝရဘုရားက`သူတို့သည်ခေါင်းမာ၍ သစ္စာမဲ့သောသူများဖြစ်ကြ၏။ ငါသည်သူတို့ကိုမကူညီဘဲနေမည်။' ထို့နောက်သူတို့သည်အဘယ်သို့ဖြစ်မည်ကို ငါစောင့်ကြည့်မည်။
Matthew 23:23``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
John 2:23ယေရုရှလင်မြို့တွင်ကျင်းပသည့်ပသခါပွဲ ၌ ကိုယ်တော်ပြတော်မူသည့်အံ့ဖွယ်သောနိမိတ် လက္ခဏာများကိုတွေ့မြင်ရကြသဖြင့် လူ အမြောက်အမြားပင်ကိုယ်တော်အားယုံကြည် လာကြ၏။-
Acts 13:50သို့သော်လည်းယုဒအမျိုးသားတို့သည် ဘုရား သခင်ကိုကိုးကွယ်သူအထက်တန်းလွှာအမျိုး သမီးများနှင့် မြို့မျက်နှာဖုံးအမျိုးသားများ ကိုလှုံ့ဆော်ကာပေါလုနှင့်ဗာနဗတို့အား ညှဉ်းပန်းနှိပ်စက်စေကြ၏။ သူတို့သည်ထိုသူ နှစ်ဦးအားမိမိတို့နယ်မှနှင်ထုတ်လိုက်ကြ၏။-
Acts 17:5သို့ရာတွင်ယုဒအမျိုးသားတို့သည် မနာလို စိတ်ရှိသဖြင့်လမ်းပေါ်မှဂျပိုးတေလေများ ကိုခေါ်ယူကာ လူထုကြီးတစ်ရပ်ဖြစ်အောင် စုရုံး၍တစ်မြို့လုံးကိုအုတ်အုတ်သဲသဲဖြစ် စေကြ၏။ သူတို့သည်ယာသုန်၏အိမ်သို့ဝင်၍ ပေါလုနှင့်သိလတို့ကိုလူပရိသတ်ရှေ့သို့ ဆွဲထုတ်ရန်ရှာဖွေကြ၏။-
Romans 10:16သို့ရာတွင်ထိုသတင်းကောင်းကိုလူတိုင်း မယုံကြ။ ဟေရှာယကိုယ်တိုင်က``အို ထာဝရ ဘုရားရှင်၊ အကျွန်ုပ်တို့ကြေညာသောသတင်း ကိုအဘယ်သူယုံပါသနည်း'' ဟုဆိုသည်။-