တိမောသေဩဝါဒစာဒုတိယစောင် 2:1
ငါ့သား၊ ခရစ်တော်ယေရှုနှင့်ငါတို့တစ်လုံး တစ်ဝတည်းဖြစ်ခြင်းကြောင့် ရရှိသည့်ဆု ကျေးဇူးတော်အားဖြင့်သင်သည်ကြံ့ခိုင် ခြင်းရှိလော့။-
Common Language Bible
In The King James Version
Thou therefore, my son, be strong in the grace that is in Christ Jesus.
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 2
Cross References
Joshua 1:7အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ ငါ၏ အစေခံမောရှေပေးသောပညတ်အားလုံး ကိုတစ်သဝေမတိမ်းစောင့်ထိန်းလော့။ ပညတ် ရှိသမျှကိုတစ်ခုမကျန်စောင့်ထိန်းလျှင် သင်သည်ကြံတိုင်းအောင်လိမ့်မည်။-
1 Corinthians 16:13နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
Ephesians 6:10သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ကြံ့ခိုင် ခြင်းရှိကြရန်ငါနောက်ဆုံးမှာကြားလို၏။-
1 Timothy 1:2ယုံကြည်ခြင်းအားဖြင့်ငါ၏သားစစ်ဖြစ် သောတိမောသေထံသို့စာရေးလိုက်ပါသည်။ သင်သည်အဖဘုရားသခင်နှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှ ကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
2 Timothy 1:2ငါ၏ချစ်သောတိမောသေထံသို့စာရေး လိုက်ပါသည်။ သင်သည်ခမည်းတော်ဘုရားနှင့်ငါတို့အရှင် ခရစ်တော်ယေရှုထံတော်မှကျေးဇူးတော်၊ ကရုဏာတော်နှင့်ငြိမ်သက်ခြင်းကိုခံစား ရပါစေသတည်း။
2 Peter 3:18သင်တို့သည်ငါတို့၏အရှင်သခင်နှင့်ကယ်တင် ရှင်ဖြစ်တော်မူသောယေရှုခရစ်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်ကိုသိကျွမ်းခြင်း ၌လည်းကောင်းကြီးပွားကြလော့။ ထိုအရှင် သည်ယခုမှစ၍ထာဝရကာလပတ်လုံး ဘုန်းအသရေထွန်းတောက်တော်မူပါစေ သတည်း။ အာမင်။ ရှင်ပေတရုသြဝါဒစာဒုတိယစောင်ပြီး၏။