တိမောသေဩဝါဒစာဒုတိယစောင် 2:11
အောက်ပါစကားသည်သစ္စာစကားဖြစ်ပေသည်။ ``ငါတို့သည်ကိုယ်တော်နှင့်အတူသေလျှင် ကိုယ်တော်နှင့်အတူရှင်လိမ့်မည်။
Common Language Bible
In The King James Version
It is a faithful saying: For if we be dead with him, we shall also live with him:
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 2
Cross References
Romans 6:5အဘယ်ကြောင့်ဆိုသော်ကိုယ်တော်နှင့်တစ်လုံး တစ်ဝတည်းဖြစ်လျက်သေကြပါမူ ကိုယ်တော် သေခြင်းမှရှင်ပြန်ထမြောက်တော်မူသကဲ့သို့ ငါတို့သည်ကိုယ်တော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်လျက် သေခြင်းမှရှင်ပြန်ထမြောက်ကြ မည်ဖြစ်သောကြောင့်တည်း။-
2 Corinthians 4:10သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။-
Galatians 2:19ပညတ်တရားကငါ့အားသေစေသည်ဖြစ်ရာ ပညတ်တရားနှင့်ပတ်သက်လျှင် ငါသည်သူသေ ဖြစ်၏။ သို့မှသာဘုရားသခင်၏အတွက်အသက် ရှင်နိုင်မည်ဖြစ်သည်။ ငါသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်ပေါ်တွင်ကွပ်မျက် ခြင်းခံရလေပြီ။-
1 Thessalonians 4:17ထိုနောက်အသက်ရှင်လျက်ကျန်ရစ်သောငါတို့ သည်အာကာသတွင်သေလွန်သူတို့နှင့်အတူ သခင်ဘုရားနှင့်တွေ့ဆုံရန်မိုးကောင်းကင်သို့ ယူဆောင်ခြင်းကိုခံရကြလိမ့်မည်။ ဤနည်း အားဖြင့်ငါတို့သည်သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြပေအံ့။-
1 Timothy 1:15ဤလောကသို့ခရစ်တော်ယေရှုကြွလာတော် မူသည်မှာအပြစ်ကူးသူတို့အား ကယ်တင်ရန် ဖြစ်၏ဟူသောစကားသည်သစ္စာစကားဖြစ်၍ ခြွင်းချက်မရှိလက်ခံယုံကြည်ရပေမည်။ ငါ သည်အပြစ်ကူးသူတို့တွင်အဆိုးဆုံးဖြစ်၏။-
Titus 3:8ဤစကားသည်သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-