တိမောသေဩဝါဒစာဒုတိယစောင် 2:19
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 2
Cross References
Numbers 16:5ထိုနောက်သူသည်ကောရနှင့်အပေါင်းပါတို့ အား``နက်ဖြန်နေ့နံနက်တွင်ထာဝရဘုရား သည်မည်သူ့ကိုရွေးကောက်ကြောင်းပြတော် မူမည်။ ထာဝရဘုရားသည်မိမိရွေးကောက် သောသူအားကိုယ်တော်၏ယဇ်ပလ္လင်အနီး သို့ချဉ်းကပ်စေတော်မူမည်။-
Psalms 1:6ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
Psalms 37:18ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
Psalms 97:10ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။ မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
Psalms 125:1ထာဝရဘုရားကိုယုံကြည်ကိုးစားသူတို့သည် မရွေ့မရှား၊အစဉ်ခိုင်ခံ့တည်မြဲသော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
Proverbs 10:25မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။