တိမောသေဩဝါဒစာဒုတိယစောင် 2:9
ငါသည်ထိုသတင်းကောင်းအတွက်ကြောင့် ရာဇဝတ်ကောင်ကဲ့သို့ဒုက္ခရောက်လျက်ရှိ၏။ သံကြိုးများနှင့်ပင်အချည်အနှောင်ခံရ၏။ သို့သော်ဘုရားသခင်၏နှုတ်ကပတ်တော် မူကားချုပ်နှောင်မှုနှင့်ကင်းလွတ်၏။-
Common Language Bible
In The King James Version
Wherein I suffer trouble, as an evil doer, even unto bonds; but the word of God is not bound.
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 2
Cross References
Acts 28:31ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟော ပြော၍ သခင်ယေရှု၏အကြောင်းတော်ကို အဆီးအတားမရှိဘဲရဲရင့်စွာဟောပြော သွန်သင်လျက်နေ၏။ ရှင်လုကာစီရင်ရေးသားသောတမန်တော် ဝတ္ထုပြီး၏။
Ephesians 6:19ငါဟောပြောချိန်၌ဘုရားသခင်သည်ငါ့အား နှုတ်သတ္တိကိုပေးသနားတော်မူရန်လည်းကောင်း၊ သတင်းကောင်း၏နက်နဲသောအရာကိုရဲရင့် စွာဖွင့်ပြနိုင်ရန်လည်းကောင်း ငါ့အတွက်လည်း ဆုတောင်းကြလော့။-
Philippians 1:12ညီအစ်ကိုတို့၊ ငါတွေ့ကြုံရသည့်အဖြစ်အပျက် များသည်သတင်းကောင်းကိုကြေညာရာတွင် အကယ်ပင်အထောက်အကူပေးကြောင်းသင် တို့အားသိစေလို၏။-
Colossians 4:18ငါပေါလုကသင်တို့အားနှုတ်ဆက်စကားကို ငါကိုယ်တိုင်ရေး၏။ ငါသည်အကျဉ်းထောင်ထဲ တွင်ရှိနေသည်ကိုသင်တို့မမေ့ကြနှင့်။ ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ခံစား ရကြပါစေသတည်း။ ကောလောသဲသြဝါဒစာပြီး၏။
2 Timothy 1:8သို့ဖြစ်၍ငါတို့သခင်ဘုရား၏အကြောင်း တော်ကိုသက်သေခံရန်မရှက်နှင့်။ ခရစ်တော် အတွက်အကျဉ်းသားဖြစ်သူငါ၏အတွက် လည်းမရှက်နှင့်။ ဘုရားသခင်ထံမှခွန်အား ကိုရရှိသည်အတိုင်းသတင်းကောင်းအတွက် ငါနှင့်အတူဒုက္ခခံလော့။-
2 Timothy 1:16သခင်ဘုရားသည်သြနေသိဖော်၏အိမ် ထောင်အားကရုဏာထားတော်မူပါစေ သော။ ထိုသူသည်အကြိမ်ကြိမ်အဖန်ဖန် ငါ့အားစိတ်သက်သာစေ၏။ ငါသည်အကျဉ်း သားဖြစ်လျက်နေသော်လည်းသူသည်ငါ့ အတွက်မရှက်ဘဲ၊-