တိမောသေဩဝါဒစာဒုတိယစောင် 3:14
သို့သော်သင်သည်မိမိသင်ယူ၍စွဲမြဲစွာ ယုံကြည်သည့်သစ္စာတရားများကိုစောင့်ထိန်း လော့။ သင်အဘယ်သူတို့ထံမှနည်းနာခံခဲ့ သည်ကိုသင်သိ၏။-
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 3
Cross References
Romans 14:5လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။-
1 Thessalonians 1:5အဘယ်ကြောင့်ဆိုသော်ငါတို့သည်သတင်း ကောင်းကို စကားသက်သက်ဖြင့်သာမဟုတ် ဘဲတန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ ထိုသတင်း ကောင်းမှန်ကန်ကြောင်းကိုလုံးဝစိတ်ချ ယုံကြည်သောစိတ်နှင့်လည်းကောင်း သင်တို့ အားဟောပြောသောကြောင့်ဖြစ်၏။ ငါတို့ သည်သင်တို့နှင့်အတူရှိစဉ်အခါက သင်တို့၏အကျိုးငှာ ငါတို့အဘယ်သို့ပြု မူနေထိုင်ခဲ့ကြသည်ကိုသင်တို့အသိ ပင်ဖြစ်၏။-
1 Timothy 4:16သို့ပြုလျှင်သင်နှင့်တကွသင်၏တရားကို ကြားနာရသူအပေါင်းတို့သည်ကယ်တင်ခြင်း ကိုခံရကြလိမ့်မည်။
2 Timothy 2:2အသိသက်သေများရှေ့တွင်ငါသွန်သင်ခဲ့ သည့်အရာများကိုသင်သည်ကြားသိရလေ ပြီ။ သူတစ်ပါးတို့အားတစ်ဆင့်သွန်သင်နိုင် မည်ဟုစိတ်ချယုံကြည်ရသူတို့အားထို သွန်သင်ချက်များကိုလက်ဆင့်ကမ်းလော့။
Hebrews 6:11သင်တို့ရှိသမျှသည်နောက်ဆုံး၌မိမိတို့ ၏မျှော်လင့်ချက်ပြည့်စုံလာသည့်တိုင်အောင် ယခုအတိုင်းဆက်လက်၍နိုးကြားတက် ကြွကြစေရန်ငါတို့အလိုရှိကြ၏။-