တိမောသေဩဝါဒစာဒုတိယစောင် 3:6
သူတို့အနက်အချို့တို့သည်အိမ်များသို့ဝင်၍ အသိအလိမ္မာနည်းသည့်အမျိုးသမီးတို့ကို မိမိတို့လက်တွင်းသို့ရောက်အောင်ပြုလုပ်တတ် ကြ၏။ ထိုအမျိုးသမီးများသည်မိမိတို့ပြု မိခဲ့သည့်အပြစ်များဖြင့်ဝန်လေး၍ အမျိုး မျိုးသောအာသာရမ္မက်များ၏ဆွဲဆောင်မှု ကိုခံလျက်၊-
Common Language Bible
In The King James Version
In Context
Read all of တိမောသေဩဝါဒစာဒုတိယစောင် 3
Cross References
Psalms 38:4အပြစ်ဒုစရိုက်ရေလွှမ်းမိုးရာတွင်ကျွန်တော် မျိုးသည် နစ်မွန်းလျက်ရှိပါ၏။ ယင်းတို့သည်လေးလံသောအပြစ်ဝန်ထုပ်ဖြစ်၍ ကျွန်တော်မျိုးမထမ်းနိုင်ပါ။
Matthew 11:28လေးသောဝန်ထမ်းရ၍ပင်ပန်းသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်သုခချမ်းသာ ပေးမည်။-
Matthew 23:14(``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
1 Corinthians 12:2သင်တို့သည်ယုံကြည်သူမဖြစ်မီက စိတ် လှုပ်ရှားရာသို့လိုက်ပါကာလမ်းလွဲလျက် သက်မဲ့ရုပ်တုများကိုကိုးကွယ်ခဲ့ကြကြောင်း သင်တို့အသိပင်ဖြစ်၏။-
Titus 1:11ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
2 Peter 2:18သူတို့သည်မှားယွင်းလမ်းလွဲသောလူစု အထဲမှလွတ်မြောက်ခါစဖြစ်သောသူတို့ အား ကြွားဝါသောအချည်းနှီးစကားများ ကိုသုံးကာ ကာမဂုဏ်လိုက်စားမှုဖြင့်သွေး ဆောင်လမ်းလွဲစေကြ၏။-