တမန်တော်ဝတ္ထု 1:14
သူတို့သည်သခင်ယေရှုနှင့်မယ်တော်ဖြစ်သူ မာရိအပါအဝင်အမျိုးသမီးအချို့တို့ နှင့်လည်းကောင်း၊ ကိုယ်တော်၏ညီတော်များနှင့် လည်းကောင်း မကြာခဏတွေ့ဆုံ၍ဆုတောင်း ပတ္ထနာပြုလျက်နေကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Matthew 12:46ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။-
Matthew 18:19``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
Matthew 27:55ထိုအရပ်တွင်အဝေးကရပ်လျက်ကြည့်နေသော အမျိုးသမီးများရှိ၏။ သူတို့သည်ကားဂါလိလဲ ပြည်မှသခင်ယေရှု၏နောက်တော်သို့လိုက်၍လုပ် ကျွေးသမှုပြုကြသူများတည်း။-
Mark 15:40အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
Luke 8:2တစ်ကျိပ်နှစ်ပါးသောတမန်တော်တို့သည်ကိုယ်တော် နှင့်အတူလိုက်ပါလာကြ၏။ အနာရောဂါဘေး၊ နတ်မိစ္ဆာဘေးမှကိုယ်တော်ကင်းလွတ်စေခဲ့သော အမျိုးသမီးအချို့တို့လည်းလိုက်ပါလာကြ၏။ ထိုသူတို့အနက်နတ်မိစ္ဆာခုနစ်ဖော်စွန့်ခွာသွား သောမာဂဒလမြို့သူမာရိ၊-
Luke 11:13သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။