The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 1 › တမန်တော်ဝတ္ထု 1:4

တမန်တော်ဝတ္ထု 1:4

သူ​တို့​သည်​စု​ရုံး​လာ​ကြ​သော​အ​ခါ​ကိုယ်​တော် က``ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ​၍​မ​သွား​ကြ နှင့်။ ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​ဆု ကျေး​ဇူး​ကို​စောင့်​မျှော်​လျက်​နေ​ကြ​လော့။ ထို ဆု​ကျေး​ဇူး​အ​ကြောင်း​ကို​ယ​ခင်​က​သင်​တို့ အား​ငါ​ဖော်​ပြ​ခဲ့​၏။-

Common Language Bible

In The King James Version

And, being assembled together with them, commanded them that they should not depart from Jerusalem, but wait for the promise of the Father, which, saith he, ye have heard of me.

In Context

3ကိုယ်​တော်​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် အ​ရက်​လေး​ဆယ်​အ​တွင်း​တ​မန်​တော်​တို့ အား​အ​ကြိမ်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ​၍ မိ​မိ​အ​သက်​ရှင်​လျက်​ရှိ​တော်​မူ​ကြောင်း ခိုင်​လုံ​သော​အ​ထောက်​အ​ထား​များ​ကို​ပေး တော်​မူ​၏။ တ​မန်​တော်​တို့​သည်​ကိုယ်​တော် ကို​တွေ့​မြင်​ရ​ကြ​၏။ ကိုယ်​တော်​သည်​လည်း သူ​တို့​အား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် အ​ကြောင်း​ကို​ဟော​ပြော​သွန်​သင်​တော်​မူ​၏။-

5ယော​ဟန်​သည်​ရေ​ဖြင့်​ဗတ္တိ​ဇံ​ကို​ပေး​၏။ သို့​ရာ တွင်​သင်​တို့​မူ​ကား​ရက်​အ​နည်း​ငယ်​အ​တွင်း​၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ဖြင့်​ဗတ္တိဇံ​ကို​ခံ​ယူ​ကြ ရ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။

Read all of တမန်တော်ဝတ္ထု 1

Cross References

Numbers 9:22တဲ​တော်​အ​ပေါ်​တွင်​မိုး​တိမ်​သည်​နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​သို့​မ​ဟုတ်​တစ်​နှစ်​ထက်​ပို​၍​ဖြစ်​စေ တည်​ရှိ​သ​မျှ​ကာ​လ​ပတ်​လုံး​သူ​တို့​သည်​ခ​ရီး​ဆက်​ခြင်း​မ​ပြု​ကြ။ သို့​ရာ​တွင်​မိုး​တိမ်​တက်​သည့်​အ​ခါ​၌​မူ​ကား​ခ​ရီး​ဆက်​ကြ​၏။-

Luke 11:13သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။

Luke 24:41သို့​ရာ​တွင်​သူ​တို့​သည်​အ​လွန်​အံ့​သြ​လျက်​နေ ကြ​သ​ဖြင့်​မ​ယုံ​နိုင်​သေး​ဘဲ​ရှိ​ကြ​စဉ်​ကိုယ်​တော် က ``သင်​တို့​မှာ​စား​စ​ရာ​တစ်​စုံ​တစ်​ခု​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-

John 7:39သ​ခင်​ယေ​ရှု​သည်​ဘုန်း​အ​သ​ရေ​ပွင့်​တော်​မ​မူ သေး​သ​ဖြင့် ဝိ​ညာဉ်​တော်​ကို​လည်း​ကိုယ်​တော် ကို​သက်​ဝင်​ယုံ​ကြည်​သူ​တို့​အား​မ​ပေး​မ​အပ် ရ​သေး​ပေ။ သို့​ဖြစ်​၍​ထို​သူ​တို့​ခံ​ယူ​ကြ​ရ မည့်​ဝိ​ညာဉ်​တော်​ကို​ရည်​မှတ်​၍ ဤ​သို့​ကြွေး ကြော်​တော်​မူ​ခြင်း​ဖြစ်​၏။

John 14:26သို့​ရာ​တွင်​ခ​မည်း​တော်​သည်​ငါ့​နာ​မ​ကြောင့် စေ​လွှတ်​တော်​မူ​မည့်​မ​စ​တော်​မူ​သော​အ​ရှင် တည်း​ဟူ​သော​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သင်​တို့​အား​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​သွန်​သင် ပေး​တော်​မူ​၍ ငါ​ပြော​ခဲ့​သ​မျှ​သော​အ​ရာ​တို့ ကို​သင်​တို့​အား​ပြန်​လည်​သ​တိ​ရ​စေ​တော် မူ​လိမ့်​မည်။

John 16:7သို့​သော်​သင်​တို့​အား​ငါ​အ​မှန်​အ​ကန်​ပြော သည်​ကား ငါ​သွား​ရ​ခြင်း​သည်​သင်​တို့​အ​ဖို့ ပို​၍​ကောင်း​၏။ ငါ​မ​သွား​လျှင်​မ​စ​တော်​မူ သော​အ​ရှင်​သည်​ကြွ​လာ​တော်​မူ​မည်​မ​ဟုတ်။ ငါ​သွား​လျှင်​မူ​ကား​ထို​အ​ရှင်​ကို​သင်​တို့ ထံ​သို့​ငါ​စေ​လွှတ်​မည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 1:4

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)
← တမန်တော်ဝတ္ထု 1:3တမန်တော်ဝတ္ထု 1တမန်တော်ဝတ္ထု 1:5 →