တမန်တော်ဝတ္ထု 10:4
သူသည်ထိတ်လန့်လျက်ကောင်းကင်တမန်ကို စိုက်ကြည့်ပြီးလျှင် ``အရှင်၊ အဘယ်အမှု အခင်းရှိပါသနည်း'' ဟုမေးလျှောက်၏။ ကောင်းကင်တမန်ကလည်း ``သင်၏ဆုတောင်း ပတ္ထနာနှင့်စွန့်ကြဲပေးကမ်းမှုကို ဘုရားသခင် နှစ်သက်တော်မူသဖြင့်သင့်အားသိမှတ်တော် မူလေပြီ။-
Common Language Bible
In The King James Version
In Context
5ယခုပင်ယုပ္ပေမြို့သို့လူလွှတ်၍ပေတရုခေါ် ရှိမုန်ဆိုသူကိုပင့်ခေါ်လော့။-
Cross References
2 Chronicles 6:33ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။''
Psalms 141:2ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုမီးရှို့ ပူဇော်ရာ နံ့သာပေါင်းကဲ့သို့လည်းကောင်း၊ ကျွန်တော်မျိုးလက်အုပ်ချီခြင်းကိုညဥ့်ဦး ပူဇော်ရာ ယဇ်ကဲ့သို့လည်းကောင်းလက်ခံတော်မူပါ။
Isaiah 45:19ငါသည်လျှို့ဝှက်၍မဟောပြော။ ငါ၏အကြံအစည်တော်ကိုလည်း ထိမ်ဝှက်၍မထား။ ငါသည်ဣသရေလအမျိုးသားတို့အားလူသူ ကင်းမဲ့သည့်အရပ်တွင်ငါ့ကိုရှာဖွေစေသည် မဟုတ်။ ငါသည်ထာဝရဘုရားဖြစ်၏။ သစ္စာစကားကိုဆို၍အမှန်တရားကို ဖော်ထုတ်တတ်၏'' ဟုမိန့်တော်မူသော အရှင်ပင်ဖြစ်သတည်း။
Malachi 3:16ထိုအခါမိမိအားကြောက်ရွံ့ရိုသေသော သူတို့အချင်းချင်းပြောဆိုနေကြသည့် စကားများကို ထာဝရဘုရားသည်နား ထောင်လျက်နေတော်မူသဖြင့်ကြားတော် မူ၏။ ထာဝရဘုရားအားကြောက်ရွံ့ရိုသေ သူများ၏စားရင်းကို ရှေ့တော်တွင်စာစောင် တစ်ခု၌ရေးမှတ်ထားရှိ၏။-
Luke 1:12ဇာခရိသည်ကောင်းကင်တမန်ကိုမြင်သော အခါစိတ်တုန်လှုပ်ချောက်ချားသွား၏။-
Luke 24:5အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။-