တမန်တော်ဝတ္ထု 12:4
ဟေရုဒ်သည်ပေတရုကိုဖမ်းဆီးပြီးနောက် စစ် သားလေးယောက်စီပါသောတပ်စုငယ်လေးစု လက်သို့အပ်ကာအကျဉ်းချထား၏။ ပသခါ ပွဲလွန်သောအခါ သူ့ကိုယုဒအမျိုးသား တို့ရှေ့တွင်စစ်ဆေး၍ဒဏ်စီရင်ရန်အကြံ ရှိ၏။-
Common Language Bible
In The King James Version
In Context
Cross References
Esther 3:6မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
Proverbs 19:21လူသည်အထူးထူး အပြားပြား ကြံစည်တတ်၏။ သို့ရာတွင်၊ ထာဝရဘုရား၏အကြံတော်သည် တည်လိမ့် မည်။
Lamentations 3:37ထာဝရဘုရား၏အလိုတော်အရသာလျှင် အကောင်အထည်ဖော်ရပါ၏။
Matthew 26:5သူတို့က ``လူတို့ရုန်းရင်းဆန်ခတ်ဖြစ်မည် ကိုစိုးရိမ်စရာရှိသဖြင့်ပွဲတော်ရက်အတွင်း ၌မဖမ်းမဆီးကြနှင့်'' ဟုဆိုကြ၏။
Luke 21:12သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
John 13:36ရှိမုန်ပေတရုက ``သခင်၊ အဘယ်အရပ်သို့ ကြွတော်မူပါမည်နည်း'' ဟုမေးလျှောက်၏။ သခင်ယေရှုက ``ငါသွားရာကိုသင်ယခု မလိုက်နိုင်။ နောင်အခါမှလိုက်ရလိမ့်မည်'' ဟု ဖြေကြားတော်မူ၏။