တမန်တော်ဝတ္ထု 13:15
ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်းကိုဖတ်ပြီး သောအခါ တရားဇရပ်အမှုဆောင်လူကြီး များသည်သူတို့အား ``ညီအစ်ကိုတို့၊ လူတို့ အားတိုက်တွန်းအားပေးစကားပြောကြား ရန်ရှိပါလျှင်ပြောကြပါ'' ဟုလူလွှတ်၍ အကြောင်းကြားကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Mark 5:22ယာဣရုဆိုသူတရားဇရပ်အုပ်ချုပ်ရေးမှူး သည်ရောက်လာ၏။-
Luke 16:16``ယောဟန်မပေါ်မီကာလကပညတ်ကျမ်း နှင့်ပရောဖက်ကျမ်းများအာဏာတည်လျက်ရှိ ၏။ ယောဟန်ပေါ်ပြီးချိန်မှစ၍ဘုရားသခင်၏ နိုင်ငံတော်အကြောင်းသတင်းကောင်းကိုဟော ပြောကြေညာခဲ့၏။ လူအပေါင်းတို့သည်လည်း နိုင်ငံတော်သို့အနိုင်အထက်ဝင်ကြကုန်၏။-
Acts 2:4ထိုသူတို့သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလျက် ဝိညာဉ်တော်ပေးအပ်တော်မူသည့် တန်ခိုးစွမ်းရည်အတိုင်းဘာသာစကား အမျိုးမျိုးဖြင့်ဟောပြောကြကုန်၏။
Acts 2:37ထိုစကားကိုကြားကြသောအခါ လူတို့သည် လွန်စွာပူပင်သောကရောက်ကြလျက် ပေတရု နှင့်အခြားတမန်တော်တို့အား``ညီအစ်ကိုတို့၊ ငါတို့အဘယ်သို့ပြုရပါမည်နည်း'' ဟုမေး မြန်းကြ၏။
Acts 13:27ယေရုရှလင်မြို့သားများနှင့်သူတို့၏ခေါင်း ဆောင်များကား ထိုအရှင်သည်ကယ်တင်ရှင် ဖြစ်သည်ကိုမသိမမြင်ကြ။ ဥပုသ်နေ့တိုင်း မိမိတို့ဖတ်ကြသည့်ပရောဖက်ကျမ်းစကား ကိုလည်းနားမလည်ကြ။ သို့သော်ထိုသူတို့ သည်ပရောဖက်များ၏ဟောကြားချက်အတိုင်း ဖြစ်ပျက်စေရန် ထိုအရှင်ကိုသေဒဏ်စီရင် ကြ၏။-
Acts 15:21အဘယ်ကြောင့်ဆိုသော်ရှေးကာလမှစ၍ မောရှေ၏ပညတ်တရားကိုတရားဇရပ်များ တွင်ဥပုသ်နေ့တိုင်းဖတ်ခြင်း၊ သူ၏တရားကို ဟောပြောခြင်းရှိသောကြောင့်ဖြစ်၏'' ဟုဆို လေသည်။