တမန်တော်ဝတ္ထု 14:16
လွန်ခဲ့သောခေတ်ကာလများကကိုယ်တော် သည်လူမျိုးတကာတို့အား မိမိတို့အလို ဆန္ဒရှိသည်အတိုင်းပြုကျင့်ခွင့်ကိုပေးတော် မူခဲ့၏။-
Common Language Bible
In The King James Version
Who in times past suffered all nations to walk in their own ways.
In Context
Cross References
Psalms 147:20ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။
Micah 4:5လူမျိုးအသီးသီးတို့သည်မိမိတို့၏ဘုရား များကိုကိုးကွယ်နာခံကြမည်ဖြစ်သော်လည်း ငါတို့မူကားငါတို့၏ဘုရားသခင်ထာဝရ ဘုရားကို ကာလအစဉ်အဆက်ကိုးကွယ် နာခံမည်။
Romans 1:21သူတို့သည်ဘုရားသခင်ကိုသိကြသော် လည်း ကိုယ်တော်၏ဂုဏ်တော်ကျေးဇူးတော်ကို ချီးမွမ်းသင့်လျက်နှင့်မချီးမွမ်းကြ။ ချီးမွမ်း မည့်အစားအကျိုးမဲ့သည့်အရာများကို သာ တွေးတောဆင်ခြင်လျက်နေကြ၏။ သူတို့ ၏အသိဉာဏ်ကင်းမဲ့သည့်စိတ်နှလုံးများ သည်လည်းအမှောင်ဖုံး၍နေ၏။-
Ephesians 2:12ထိုစဉ်အခါကသင်တို့သည်ခရစ်တော်နှင့် ကင်းကွာလျက်နေခဲ့ကြ၏။ သင်တို့သည်လူမျိုး ခြားများဖြစ်၍ ဘုရားသခင်ရွေးချယ်တော်မူ သောလူစုတော်တွင်ပါဝင်ခွင့်မရကြ။ မိမိ၏ လူစုတော်အား ဘုရားသခင်ထားတော်မူသော ကတိတော်များပေါ်တွင်အခြေပြုသည့်ပဋိ ညာဉ်တရားနှင့်မသက်ဆိုင်ကြ။ ဤလောက တွင်မျှော်လင့်ရာမဲ့ဘုရားမဲ့ခဲ့ရ၏။-