တမန်တော်ဝတ္ထု 14:9
သူသည်ပေါလုဟောပြောသည်ကိုနားထောင် လျက်နေ၏။ ပေါလုသည်သူ့အားစိုက်ကြည့် လိုက်သောအခါ ရောဂါပျောက်ကင်းစေနိုင် လောက်အောင်သူ့မှာယုံကြည်မှုရှိကြောင်း ကိုသိမြင်လျှင်၊-
Common Language Bible
In The King James Version
In Context
Cross References
Matthew 9:22သခင်ယေရှုသည်လှည့်၍ကြည့်တော်မူလျှင် ထို အမျိုးသမီးကိုမြင်တော်မူသဖြင့် ``ငါ့သမီး၊ အားမငယ်နှင့်။ သင်၏ယုံကြည်ခြင်းသည်သင်၏ ရောဂါပျောက်စေပြီ'' ဟုမိန့်တော်မူ၏။ ထိုအချိန် ၌ပင်ထိုအမျိုးသမီး၏ရောဂါပျောက်လေ၏။
Matthew 13:58ထိုမြို့သားတို့သည်မိမိအားယုံကြည်ကိုးစား မှုမရှိကြသဖြင့် ကိုယ်တော်သည်အံ့သြဖွယ် သောအမှုတို့ကိုထိုမြို့တွင်ပြုတော်မမူ။
Mark 1:40အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
Mark 2:11``နေရာမှထ၍ထမ်းစင်ကိုထမ်း၍အိမ်သို့ပြန် လော့'' ဟုမိန့်တော်မူ၏။
Mark 10:52သခင်ယေရှုက ``သွားလော့။ သင်၏ယုံကြည် ခြင်းသည်သင့်ရောဂါကိုပျောက်စေပြီ'' ဟု မိန့်တော်မူ၏။ ချက်ချင်းပင်ထိုသူသည်မျက်စိမြင်၍ ကိုယ်တော် ကြွတော်မူရာလမ်းတွင်နောက်တော်ကလိုက်လေ သည်။