The Bible Software
bible.software › တမန်တော်ဝတ္ထု › တမန်တော်ဝတ္ထု 15 › တမန်တော်ဝတ္ထု 15:8

တမန်တော်ဝတ္ထု 15:8

လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။-

Common Language Bible

In The King James Version

And God, which knoweth the hearts, bare them witness, giving them the Holy Ghost, even as he did unto us;

In Context

7အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။-

9ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။-

Read all of တမန်တော်ဝတ္ထု 15

Cross References

1 Kings 8:39ကိုယ်​တော်​၏​လူ​မျိုး​တော်​သည်​ဘိုး​ဘေး​များ အား​ပေး​တော်​မူ​မည့်​ပြည်​တော်​တွင်​နေ​ထိုင်​ရ သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​အား​ကြောက်​ရွံ့ ရို​သေ​ကြ​စေ​ရန်​သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ ကို​နား​ညောင်း​တော်​မူ​ပါ။ ကိုယ်​တော်​စံ​တော်​မူ ရာ​ကောင်း​ကင်​ဘုံ​က​နေ​၍​နား​ထောင်​တော်​မူ လျက် သူ​တို့​အား​အ​ပြစ်​ဖြေ​လွှတ်​၍​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​သာ​လျှင်​လူ​အ​ပေါင်း တို့​၏​အ​ကြံ​အ​စည်​များ​ကို​သိ​တော်​မူ​ပါ ၏။ လူ​တိုင်း​ခံ​စား​သင့်​သည့်​အ​ကျိုး​အ​ပြစ် အ​လျောက်​စီ​ရင်​တော်​မူ​ပါ။''

1 Chronicles 29:17ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-

Psalms 139:1အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား စစ်​ဆေး​ကြည့်​ရှု​တော်​မူ​ပြီး​ဖြစ်​၍​ကျွန်​တော် မျိုး​၏ အ​ကြောင်း​ကို​သိ​တော်​မူ​ပါ​၏။

Jeremiah 17:10``ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​စိတ်​နေ သ​ဘော​ထား​ကို ရှာ​ဖွေ​၍​ကြည့်​တတ်​၏။ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​ကို​လည်း​စစ်​ဆေး​၍ ကြည့်​တတ်​၏။ ငါ​သည်​လူ​အ​ပေါင်း​တို့​အား​သူ​တို့​လုပ်​ဆောင်​သည့် အ​ကျင့်​အ​ရ ထိုက်​သင့်​သည့်​အ​ကျိုး​အ​ပြစ်​ကို​ပေး​တတ်​၏'' ဟု​မိန့်​တော်​မူ​၏။

John 2:24သို့​ရာ​တွင်​ကိုယ်​တော်​သည်​လူ​ခပ်​သိမ်း​တို့​၏ အ​ကြောင်း​ကို​သိ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ အား​ယုံ​စား​တော်​မ​မူ။

John 21:17တ​တိ​ယ​အ​ကြိမ်​ကိုယ်​တော်​က ``ယော​ဟန်​၏​သား ရှိ​မုန်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော'' ဟု​မေး​တော် မူ​၏။ ဤ​သို့​တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​သ​ဖြင့် ပေ​တ​ရု​သည်​ဝမ်း​နည်း​၍ ``သ​ခင်၊ ကိုယ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို​သိ​တော်​မူ​၏။ ကိုယ်​တော် အား​အ​ကျွန်ုပ်​ချစ်​သည်​ကို​ကိုယ်​တော်​သိ​တော် မူ​ပါ​၏'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ငါ့​သိုး​တို့​ကို​ထိန်း​လော့။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)聖書 (日本語)الكتاب المقدس باللغة العربية، فان دايكBiblia TakatifuBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)

Study တမန်တော်ဝတ္ထု 15:8

Matthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesJohn LightfootGeneva Bible Notes (1599)Robertson's Word Pictures
← တမန်တော်ဝတ္ထု 15:7တမန်တော်ဝတ္ထု 15တမန်တော်ဝတ္ထု 15:9 →