တမန်တော်ဝတ္ထု 16:23
စစ်သားများသည်လည်းပေါလုနှင့်သိလတို့ကို ပြင်းထန်စွာကြိမ်ဒဏ်ပေးပြီးလျှင်ထောင်ချထား ကြ၏။ သူတို့အားလုံခြုံစွာချုပ်နှောင်ထားရန် အမိန့်အရ၊-
Common Language Bible
In The King James Version
In Context
24ထောင်မှူးသည်သူတို့အားအလုံထောင်သို့သွင်း ပြီးလျှင် ခြေများကိုထိတ်ခတ်၍ထားလေ၏။
Cross References
Joshua 4:17ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ယောရှုဆင့်ဆိုလေ၏။-
Matthew 26:48ကိုယ်တော်ကိုရန်သူ့လက်သို့အပ်နှံသူကမိမိ နှင့်လိုက်ပါလာသူတို့အား ``ငါနမ်း၍နှုတ်ဆက် သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီးကြလော့'' ဟု အချက်ပေးထား၏။
Luke 21:12သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
Acts 5:23``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
Acts 9:2သခင်ဘုရား၏လမ်းစဉ်တော်ကိုလိုက်လျှောက် သောသူ အမျိုးသားအမျိုးသမီးတို့ကိုတွေ့ ရှိပါက ထိုသူတို့ကိုဖမ်းဆီး၍ယေရုရှလင် မြို့သို့ခေါ်ဆောင်လာနိုင်ရန် မိမိအားအာဏာ အပ်နှင်းကြောင်းဒမာသက်မြို့ရှိဇရပ်များ သို့အမှာစာများရေးပေးပါရန်ပန်ကြား လျှောက်ထား၏။
Acts 12:18မိုးလင်းသောအခါ ``ပေတရုအဘယ်မှာ နည်း'' ဟုဆို၍ အစောင့်စစ်သားတို့သည်လွန် စွာကြောက်လန့်တုန်လှုပ်ကြ၏။-