တမန်တော်ဝတ္ထု 18:19
ဧဖက်မြို့သို့ရောက်သောအခါပေါလုသည် ပြစ်ကိလနှင့်အာကုလတို့ကိုမြို့တွင်ထား ခဲ့၏။ သူသည်တရားဇရပ်သို့ဝင်ပြီးလျှင် ယုဒအမျိုးသားတို့နှင့်တရားစကား ဆွေးနွေး၏။-
Common Language Bible
In The King James Version
In Context
Cross References
Acts 18:4ယုဒအမျိုးသားနှင့်ဂရိအမျိုးသားများ နားလည်သဘောပေါက်လာကြစေရန် သူသည် ဥပုသ်နေ့တိုင်းတရားဇရပ်တွင်တရားဆွေး နွေး၏။
Acts 18:24အာလေဇန္ဒြိမြို့သားအာပေါလုနာမည်ရှိသော ယုဒအမျိုးသားတစ်ယောက်သည်ဧဖက်မြို့သို့ ရောက်လာ၏။ သူသည်အဟောအပြောကောင်း၍ ကျမ်းစာတော်ကိုအထူးပင်တတ်ကျွမ်းသူ ဖြစ်၏။-
Acts 19:17ထိုအဖြစ်အပျက်အကြောင်းကိုဧဖက်မြို့ တွင်နေထိုင်သူ ယုဒအမျိုးသားများနှင့် ဂရိအမျိုးသားအပေါင်းတို့ကြားသိကြ ၏။ သူတို့သည်ထိတ်လန့်တုန်လှုပ်လျက် သခင် ယေရှု၏ဂုဏ်တော်ကိုချီးကူးကြကုန်၏။-
Acts 20:16ပေါလုသည်အာရှနယ်တွင်အချိန်မကုန်စေ လိုသဖြင့် ဧဖက်မြို့အနီးမှဖြတ်၍သင်္ဘော လွှင့်ရန်စိတ်ပိုင်းဖြတ်ထား၏။ ဖြစ်နိုင်ပါက ပင်တေကုတ္တေပွဲတော်အမီယေရုရှလင်မြို့ သို့ရောက်ရှိရန် သူသည်အလျင်အမြန်ခရီး ပြုလျက်နေ၏။
1 Corinthians 16:8ပင်တေကုတ္တေပွဲနေ့အထိဧဖက်မြို့တွင်ငါနေ ပါမည်။
1 Timothy 1:3မာကေဒေါနိပြည်သို့ငါထွက်ခွာစဉ်အခါ က သင့်အားငါမှာကြားခဲ့သည်အတိုင်း ဧဖက် မြို့တွင်ဆက်လက်နေထိုင်စေလို၏။ လူအချို့ တို့သည်မိစ္ဆာအယူဝါဒများကိုဟောပြော သွန်သင်လျက်ရှိကြပေသည်။ မကုန်မဆုံးနိုင် သောဒဏ္ဍာရီများနှင့်ဆွေစဉ်မျိုးဆက်စာရင်း များကို အပတ်တကုတ်အားထုတ်လေ့လာ တတ်သူတို့အား ထိုအမှုတို့ကိုရပ်စဲကြ စေရန်ပြောကြားလော့။ ထိုအမှုအရာများ သည်အငြင်းပွားမှုများကိုသာလျှင်ပြုစု ပေးတတ်၏။ ဘုရားသခင်၏အကြံအစည် တော်ကိုအကျိုးမပြုတတ်။ ယုံကြည်ခြင်း အားဖြင့်သာလျှင် ထိုအကြံအစည်တော် ကိုသိနိုင်လေသည်။-