တမန်တော်ဝတ္ထု 18:2
ထိုမြို့တွင်ပုန္တုပြည်သားအာကုလနာမည်ရှိ သော ယုဒအမျိုးသားတစ်ယောက်နှင့်သူ၏ဇနီး ပြစ်ကိလကိုတွေ့၏။ ယုဒအမျိုးသားအပေါင်း တို့ရောမမြို့မှထွက်ခွာသွားရန် ကလောဒိဘုရင် အမိန့်ထုတ်ဆင့်သဖြင့် သူတို့သည်မကြာမီက ပင်ဣတလိပြည်မှထွက်ခွာလာခဲ့ကြသူများ ဖြစ်၏။-
Common Language Bible
In The King James Version
In Context
1ထိုနောက်ပေါလုသည်အာသင်မြို့မှထွက် ခွာ၍ ကောရိန္သုမြို့သို့ရောက်၏။-
Cross References
Acts 11:28ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)-
Acts 18:26သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
1 Corinthians 16:19အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
1 Peter 1:1သခင်ယေရှုခရစ်၏တမန်တော်ပေတရုထံ မှပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည် အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြ သောဘုရားသခင်ရွေးချယ်တော်မူသည့် လူစုတော်ထံသို့စာရေးလိုက်ပါသည်။ သခင် ယေရှု၏စကားတော်ကိုနားထောင်၍ကိုယ် တော်၏သွေးတော်အားဖြင့်အပြစ်များမှ ပြေလွတ်ကြစေရန်ခမည်းတော်ဘုရား သခင်သည်အကြံအစည်တော်အရသင် တို့ကိုရွေးချယ်တော်မူ၏။ ဝိညာဉ်တော် အားဖြင့်လည်းသင်တို့ကိုသန့်ရှင်းမြင့် မြတ်စေတော်မူ၏။ သင်တို့သည်ကိုယ်တော်၏ထံတော်မှ ကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုကြွယ်ဝစွာခံစား ရကြပါစေသတည်း။