တမန်တော်ဝတ္ထု 19:23
ထိုအချိန်၌သခင်ဘုရားလမ်းစဉ်တော်၏ အတွက်ကြောင့် ဧဖက်မြို့တွင်ဆူပူလှုပ်ရှား မှုကြီးတစ်ရပ်ဖြစ်ပေါ်လာ၏။-
Common Language Bible
In The King James Version
And the same time there arose no small stir about that way.
In Context
Cross References
Acts 18:26သူသည်တရားဇရပ်တွင်ရဲရင့်စွာဟောပြော လေ၏။ သူ၏ဟောပြောချက်ကိုကြားရသော ပြစ်ကိလနှင့်အာကုလတို့သည် သူ့ကိုအိမ် သို့ခေါ်ဖိတ်၍ ဘုရားသခင်၏လမ်းစဉ်တော် အကြောင်းကိုပိုမိုတိကျစွာရှင်းလင်းပေး ကြ၏။-
Acts 22:4အကျွန်ုပ်သည်ယေရှု၏လမ်းစဉ်တော်ကိုလိုက် လျှောက်ကြသူများအား အသေသတ်သည်အထိ ညှဉ်းဆဲနှိပ်စက်ခဲ့ပါ၏။ အမျိုးသား၊ အမျိုး သမီးများကိုဖမ်းဆီး၍ထောင်ချခဲ့ပါ၏။-
Acts 24:22ဖေလဇ်သည်လမ်းစဉ်တော်အကြောင်းကို ကောင်းစွာသိရှိထားသူဖြစ်သဖြင့် အမှု စစ်ဆေးကြားနာမှုကိုထိုအချိန်၌ရပ် နားလိုက်၏။ သူက ``တပ်မှူးလုသိ ရောက်ရှိလာသောအခါမှသင်တို့အမှု ကိုငါစီရင်ချက်ချမှတ်မည်'' ဟုဆို၏။-
2 Corinthians 6:9လူသိနည်းသူများပင်ဖြစ်သော်လည်းကျော် စောထင်ရှားကြ၏။ သူသေများကဲ့သို့ဖြစ် သော်လည်းအသက်ရှင်လျက်ရှိကြ၏။ အပြစ် ဒဏ်ပေးခြင်းခံရသော်လည်းအသတ်မခံ ရကြ။-